Pages

Tuesday, June 25, 2019

စက်မှုဇုန်ရေဆိုးများကို သတ်မှတ်စံနှုန်းအတိုင်း မြစ်အတွင်းသို့ စွန့်ထုတ်ရန် တောင်းဆိုမည်

 မန္တလေး စက်မှုဇုန်က စွန့်ထုတ်သည့် ရေဆိုးများကို ဥပဒေအရ သတ်မှတ်ထားသည့် စံနှုန်းများဖြင့် မြစ်အတွင်းသို့စွန့် ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အ စည်းများသို့တင်ပြတောင်းဆို မည်ဖြစ်ကြောင်း သဘာဝပတ် ၀န်းကျင်ဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့အစည်းတာဝန်ရှိသူများက ပြောသည်။ မန္တလေးစက်မှုဇုန်ရှိ စက်ရုံ   များမှ ရေဆိုးစွန့်ထုတ်မှုကြောင့်   ထိခိုက်ခံနေရသည့် ဒေသခံများ၊   သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အ ရပ်ဘက်လူမှုအဖွဲ့အစည်းများပါ ၀င်သည့် ဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်က မန္တလေးမြို့ကွန်မြူနတီ စင်တာတွင် ကျင်းပခဲ့သည်။



‘‘ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက် က ဒေသကလာတဲ့အစုအဖွဲ့ရယ်၊  မန္တလေးက သဘာဝပတ်ဝန်းကျင် နဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့  အရပ်ဘက် အဖွဲ့အစည်းတွေ ရယ်၊   ကျွန်တော်တို့လိုမျိုးနည်း ပညာပိုင်း၊  ဥပဒေပိုင်းကူညီပေး နိုင်မယ့်အဖွဲ့အစည်းတွေ အတူ တကွပေါင်းပြီး ဒီရေဆိုးနဲ့ပတ် သက်လို့ ဖြစ်သင့်တဲ့စံနှုန်း၊ ဥပဒေအရ ဘယ်လိုလုပ်သင့် တယ်ဆိုတာကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းရယ်၊ စည်ပင် နဲ့ စက်မှုဇုန်ကော်မတီတွေကို တွေ့ဆုံပြီး တင်ပြတောင်းဆိုသွားမှာပါ’’ ဟု ရေဆိုးနှင့်ပတ်သက်သော အရပ်ဘက်အဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးသန့်က ပြောသည်။

အမရပူရမြို့နယ် ညောင် ပင်ဆောက် ကျေးရွာအနီးရှိ စက် မှုဇုန်မှ စွန့်ထုတ်ရေဆိုးများ ကြောင့် ဒုဋ္ဌ၀တီမြစ်၏ တောင် ခြမ်း၊မြောက်ခြမ်းတွင် ရေဆိုးစီး ၀င်မှုနှင့် အနံ့အသက်ခံစားနေ ရပြီး မြစ်အောက်ပိုင်းရှိ  ကျေးရွာ  ၁၃ ရွာတိုက်ရိုက်သက်ရောက်မှု ဆိုးကျိုးခံစားနေရကြောင်း သ ဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင် ဦးကဆိုသည်။

၂၀၁၀ က စတင်၍စက်မှု ဇုန်မှစွန့်ထုတ်သည့် ရေဆို၊များ သည် မြေသားမြောင်းအတိုင်း တောင်အင်း၊ မြောက်အင်းထဲသို့ ရောက်ရှိလာပြီး ကျေးရွာများ တွင် စိုက်ပျိုးသီးနှံများပျက်စီး ဆုံးရှုံးကာ ဒေသခံများကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညောင်ပင်ဆောက် ကျေးရွာနေ ဦးထွန်းမြတ်ကပြောသည်။

‘‘၂၀၁၅ မှာ တစ်ဆယ်လက် မပိုက်လိုင်းနဲ့ ဒုဋ္ဌ၀တီမြစ်ထဲကို တိုက်ရိုက်စွန့်ပစ်လာတယ်။  ဒါ ပေမဲ့လည်း ထိရောက်တဲ့အရာ မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့ဒေ သခံတွေဖြစ်စေချင်တာက စက်မှု ဇုန်ရေဆိုးတွေကို ရေစစ်ကန်ပြု လုပ်ပြီး ရေသန့်စင်တဲ့ပုံစံမျိုးဖြစ် စေချင်တယ်’’ ဟု ဦးထွန်းမြတ်က ဆိုသည်။

မန္တလေးစက်မှုဇုန်မှ ထွက် ရှိသော ရေဆိုးများရေသန့်စင် စနစ်ဖြင့် စွန့်ပစ်နိုင်ရန်လုပ်ဆောင် နေကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးကပြောသည်။

စက်မှုဇုန်တွင် ရေသန့်စင် စနစ်တပ်ဆင်ပြီးသည့် အရက် ချက်စက်ရုံတစ်ရုံမှလွဲ၍ကျန်လေး ရုံသည် ရေသန့်စင်စနစ်တည် ဆောက်ဆဲဖြစ်သောကြောင့် ပိတ် ထားကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။ ထို့အပြင် စုပေါင်းစွန့် ပစ် ဗဟိုရေဆိုးသန့်စင်စက်ရုံမ  ကြာမီ စတင်လည်ပတ်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။ မေလကုန်က မန္တလေး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူ   များသည် တောင်အင်း၊ မြောက်  အင်းအနီးရှိ ၁၀ လက်မပတ်လည်  ရေဆိုးစွန့်ထုတ်ပိုက်မှဒုဋ္ဌ၀တီမြစ် အတွင်းသို့ စွန့်ထုတ်သည့်  ရေ ဆိုးများကို သွားရောက်စစ်ဆေး ခဲ့ရာနီညိုရောင်ရှိသည့် စွန့်ပစ်ရေဆိုးများစွန့်ထုတ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဇွန် ၅ ရက်က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment