Pages

Sunday, June 9, 2019

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ ၀င်ရောက်နေစဉ် ဒေသအနှံ့ မိုးရွာနေပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေသည် လက်ရှိရေမှတ်များထက် မြင့် တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၀ ရက်မှ ၂၀ ရက်အတွင်း မြစ်ရေအခြေအနေခန့်မှန်းချက်ကို ယမန်နေ့က ထုတ်ပြန် ရာ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းမြို့တို့တွင် လက် ရှိရေမှတ်များအထက် ငါးပေမှခုနစ်ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့တို့ တွင် နှစ်ပေမှ လေးပေခန့်၊ အောင် လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ပေ၀က်မှ တစ် ပေခန့် မြင့်တက်လာနိုင်ကြောင်း  သတိပေးထားသည်။


ဧရာဝတီမြစ်ထက် ရေစီး သန်သော ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့ တို့တွင် လက်ရှိရေမှတ်များအ ထက် ငါးပေမှ ရှစ်ပေခန့်၊ မော် လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ နှင့် မုံရွာမြို့တို့တွင် သုံးပေမှ ငါး ပေခန့် လက်ရှိရေမှတ်များအ ထက် မြင့်တက်လာနိုင်သည်ဟု သတိပေးသည်။

 စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ရေလမ်းခရီးအသုံးပြုနေ သည့် ချင်းတွင်းမြစ်ရေသည် ရေ စီးသန်ပြီး စက်လှေနှင့်သင်္ဘော နစ်မြုပ်မှုကြောင့် လူသေဆုံးထိ ခိုက်မှုများ မကြာခဏဖြစ်နေ၍ လက်ရှိထက် ရေတက်လာပါက ယခင်ကထက် သတိပြုရန် လို အပ်နေသည်။  အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံအလယ် ပိုင်းသို့ ၀င်ရောက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်းသို့ ဆက် လက်ဝင်ရောက်နေသည်။ ဇွန်လ  ၂၀ ရက်နောက်ပိုင်းတွင် ဘင်္ဂလား   ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ ဒေသအနှံ့ မိုးရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment