Pages

Friday, June 28, 2019

မိုင်းလား ဆွတ်လေဆိပ်ကမ်းမှ တရက်လျှင် တရုတ်ယွမ်ငွေ ၄၀၀၀၀ ခန့် ရရှိနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားရဲ့ အဓိက ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်တဲ့ ဆွတ်လေဆိပ်ကမ်းကနေ တရက်ကို တရုတ်ယွမ်ငွေ ၄၀၀၀၀ ဝန်းကျင် အခွန်အကောက်အဖြစ် ရရှိနေတယ်လို့ မိုင်းလားအဖွဲ့က ပြောပါတယ်။ အဲဒီဆိပ်ကမ်းကနေ တရုတ်နိုင်ငံ၊ ထိုင်း၊ လာအိုနိုင်ငံတွေက ကုန်ပစ္စည်းတွ ဝင်ရောက်နေသလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်ဖမ်းဆီးမှုတွေ လုပ်တာကြောင့် ဒီဆိပ်ကမ်းကနေ မူးယစ်ဆေးဝင်ရောက်မှုမရှိဘူးလို့ ဆိပ်ကမ်းတာဝန်ရှိသူ မိုင်းလားအဖွဲ့ NDAA ဒုတပ်ရင်းမှူး အိုက်စန်းနိုက ပြောပါတယ်။ သားရဲတိရစ္ဆာန်တွေအနေနဲ့ သင်းခွေချပ်၊ မြွေ၊ သမင်၊ ချေ စတာတွေလည်း ဖမ်းဆီးရမိတယ်လို့လည်း ပြောပါတယ်။

No comments:

Post a Comment