Pages

Tuesday, June 18, 2019

မဘသ ကနေ အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဗဟို ကနေ ကြေညာချက်တရပ် ထုတ်ပြန်

လက်ရှိအစိုးရ လက်ထက်မှာ ၀ံသာနု စိတ်ဓါတ်ကဗျာ ပယ်ဖျက်တာ ၊ ဇာတိမာန် သီချင်းမလိုဟု ပြောကြားတာ၊ အမျိုးသားရေး ၀ါဒက ဒီမိုကရေစီ အန္တရာယ်လို့ ပြောတာတွေကို ရှုတ်ချကြောင်း ၊ အမျိုးသမီး မ၀င်ရ ကန့်သတ်ထားတဲ့ အောက်စက်တော်ရာကို နိုင်ငံခေါင်းဆောင် အမျိုးသမီး ၀င်ရောက်တဲ့ အပေါ် ကန့်ကွက်ကြောင်း ၊ နိုင်ငံတွင်း မွေးဖွားတဲ့ ကလေးတိုင်းကို မွေးဖွားခြင်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးရမယ် ဆိုတဲ့ ဥပဒေကို ဆန့်ကျင်ကြောင်း ၊ ဧည့်စာရင်း ဥပဒေ၊နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေ၊ အရေးပေါ် စီမံချက်ဥပဒေတွေကို ပယ်ဖျက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊
ဆရာတော် ဦးဝီရသူရဲ့ ပြောဆိုချက်တွေက ဖရုသ၀ါစာ ဖြစ်ခဲ့ရင် ဓမ္မစက် နဲ့ အရင် ဆုံးမရမယ့်အစား ပုဒ်မ၁၂၄ က နဲ့ စွဲချက်တင်တဲ့ အတွက် ကန့်ကွက်ကြောင်း၊ အာဏာစက်နဲ့ အရေးယူခံရသူကို ဆရာတော်လို့ မခေါ်ထိုက် ၊ မကြာခဏ ၀ိနည်းသိက္ခာပုဒ် ကျူးလွန်သူကို ဒုဿိလ လို့ ခေါ်ရမယ် ဆိုတာဟာ ဓမ္မ ၀ိနိယ နဲ့ မကိုက်ညီတဲ့ အတွက် ကန့်ကွက် ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံ သြဝါဒခံယူပွဲနဲ့ မဟာသမယသုတ်၊ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲကို ရန်ကုန် အင်းစိန် အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ဇွန်လ ၁၇ ရက်က ကျင်းပခဲ့ပြီးနောက် အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment