Pages

Monday, June 17, 2019

ဝေလငါးအသေများ လက်ခံထားပေးရန် ဝါရှင်တန်ပြည်နယ် ကမ်းခြေမြေကွက်ပိုင်ရှင်များကို ပန်ကြား

ဝေလငါး အသေကောင်များ သဘာဝအတိုင်း ပျက်စီးသွားစေရန် ၎င်း တို့ပိုင် ကမ်းခြေမြေပေါ်တွင် လက်ခံထားပေးရေး မြေပိုင်ရှင်များကို ပြည်နယ်အစိုးရက ပန်ကြားခဲ့ရာ ပိုင်ရှင်တစ်ဦးက စတင်လက်ခံထားပြီဖြစ်သည်။ ယခုနှစ်အတွင်း ဝါရှင်တန်ပြည်နယ် ကမ်းရိုးတန်းသို့ ဝေလငါး အသေကောင် အများအပြား ကမ်းတင်လာသဖြင့် ထားရှိရန် နေရာမလုံမလောက် ဖြစ်လာကြောင်း အမေရိကန် အဏ္ဏဝါနှင့် လေထုအဖွဲ့အစည်းလက်အောက်ရှိ အဏ္ဏဝါငါးသယံဇာတအဖွဲ့အစည်း (NMFS) က ပြောသည်။



ဝေလငါးသေကောင်များကို ကမ်းခြေမြေပေါ် နေရောင်အောက်တွင် ထားရုံဖြင့် သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးသွားမည်ဖြစ်သော်လည်း ဌာနသည် ပေ ၄၀ ခန့်ရှည်သော ဝေလငါးများကို နေရာချထားရန် မြေနေရာ မလုံလောက်ဘဲ ဖြစ်နေသည်။

ဝေလငါးတစ်ကောင် သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးရန် လနှင့်ချီ ကြာမြင့်သည်။

မြေပိုင်ရှင် မာရီယို ရီဗာရာက ဝေလငါး အပုပ်နံ့သည် ထင်ထားသလောက် မဆိုးဟု ဆိုသည်။ ဝေလငါး အသေကောင် မြန်မြန်ဆန်ဆန် ပျက်စီးစေရန်အတွက် ထုံးကို အဓိက အသုံးပြုရသည်။

"အခုလို ကိုယ့်ကမ်းခြေ မြေကွက်မှာ ဝေလငါးကြီးတစ်ကောင် ဆွေးမြေ့ ပျက်စီးသွားတာ နေ့တိုင်း စောင့်ကြည့်နေရတာ စိတ်ဝင်စားစရာ အတွေ့အကြုံသစ်ပါပဲ" ဟု ဇနီးဖြစ်သူ စတက်ဖနီ ဝါဝက်ကလည်း ပြောသည်။

ယခုနှစ်အတွင်း ဝါရှင်တန်ပြည်နယ် ကမ်းခြေသို့ ဝေလငါးအသေ အကောင် ၃၀ ခန့် ကမ်းတင်ခဲ့ရာ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း အများဆုံးဖြစ်သည်။

ကယ်လီဖိုးနီးယား၊ အော်ရီဂွန်၊ ဝါရှင်တန်၊ အလာဆကာ ကမ်းခြေတစ်လျှောက် ယခုနှစ်အတွင်း ဝေလငါးအသေ အကောင် ၇၀ ခန့် ကမ်းတင်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း အများဆုံးဖြစ်သည်။

ဗြိတိသျှ ကိုလမ်ဘီယာ ကမ်းခြေတွင်လည်း ဝေလငါးသေ ငါးကောင် ကမ်းတင်သည်။ လူသူ မရောက်ပေါက်သည့် ကမ်းရိုးတန်း နေရာများတွင် သေဆုံး ကမ်းတင်နေသည့် ဝေလငါးအများအပြားလည်း ရှိနိုင်ပြီး စာရင်းကောက်ယူနိုင်ခြင်း မရှိသောကြောင့်သာ မသိရခြင်းဖြစ်ကြောင်း NMFS က ပြောသည်။

No comments:

Post a Comment