Pages

Monday, June 17, 2019

ပုဂံရှိ သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် ချက်နိုင်ငံ ကူညီမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ချက်သမ္မတနိုင်ငံမှ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။ြ မန်မာနိုင်ငံဆိုင်ရာ Czech Republic သံရုံးမှ သံအမတ်ကြီး H.E Mr. Jaroslav Dolecek သည် ဇွန်လ ၁၄ ရက်နေ့က ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ချက်နိုင်ငံက ပထမဆုံးအနေနှင့်ကူညီနိုင်ရန် ကွင်းဆင်းနေခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။



ချက်သမ္မတနိုင်ငံ အမျိုးသားပြတိုက်နှင့် ပုဂံပြတိုက်တို့အကြား ပူးပေါင်းအဆင့်မြှင့်တင်နိုင်ရန်နှင့် ဘုရားများပြုပြင် ထိန်းသိမ်းရေးကိစ္စရပ်များတွင် ချက်သမ္မတနိုင်ငံက အကူအညီပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ သာသနိကအဆောက်အအုံပေါင်း ၄၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည်။

ယင်းသို့ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားအချို့ကို ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် အိန္ဒိယနိုင်ငံ၊ တရုတ်နှင့် ကိုရီးယားစသည့်နိုင်ငံများမှ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

No comments:

Post a Comment