Pages

Tuesday, June 18, 2019

သမ္မတရုံး၏ တာဝန်ပေးချက်အရ ဦးဝီရသူကို တရားစွဲဆိုခြင်းဟု တရားလို ထွက်ဆို

နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ ဦးဝီရသူကို တိုင်တန်းတရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင်ဒုအထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမင်းက တရားခွင်၌ ထွက်ဆိုသည်။ ဦးဝီရသူကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးစန်းမင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။



ဦးဝီရသူ အမှုနင့်ပတ်သက်ပြီး မျက်ကွယ်အဖြစ် တရားလိုကို ယနေ့ စတင်စစ်ဆေးခဲ့ရာ ၎င်းက အထက်ပါအတိုင်း ထွက်ဆိုကြောင်း အဆိုပါ တရားခွင်သို့် ရောက်ရှိနေသော 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ထပ်ဆင့် တာဝန်ပေးပြီး ၎င်းကိုယ်တိုင်က ပြည်သူ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ဝတ္တရားများထမ်းဆောင်သည့်အနေဖြင့် တရားရုံး၌ တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ဦးစန်းမင်းက ထပ်မံထွက်ဆိုသည်။

ဦးဝီရသူကို တရားစွဲဆိုရန် နိုင်ငံတော်သမ္မတရုံးက မေလ ၂၅ ရက်တွင် အခွင့်အာဏာအပ်နှင်းသည့် အမိန့်စာကို ဖက်စ်ဖြင့် ပေးပို့ခဲ့သလို စာတိုက်မှ တဆင့် စာအိတ်ဖြင့်လည်း ပေးပို့ခဲ့ကြောင်း၎င်း က ထွက်ဆိုသည်။

No comments:

Post a Comment