Pages

Saturday, June 29, 2019

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ရပါက သမိုင်းဝင်မည်ဟု သမ္မတထရမ့်ပြော

အမေရိကန် နဲ့ တရုတ်တို့အကြား မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရရင် သမိုင်းဝင်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ နဲ့တွေ့ဆုံစဉ် ဇွန်လ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ G20 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန် နဲ့ တရုတ်သမ္မတတို့ဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျော့ကျစေမယ့် ဒါမှမဟုတ် ပိုမိုနက်ရှိုင်းတဲ့ ကုန်သွယ်ရေးစစ်ပွဲဆီ ဦးတည်စေနိုင်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေကို စတင်ခဲ့ပါတယ်။


ဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီက တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ အခြေခံကျတဲ့ အကြောင်းအရာတွေကို သမ္မတ ထရမ့်နဲ့ အမြင်ချင်းဖလှယ်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

ဒါမှသာ လာမယ့် အနာဂတ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ဦးတည်ချက် ချမှတ်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ငြိမ်မှုကို အခြေခံကာ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကတော့ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အလွန်ကောင်းနေပေမယ့် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး မျှတစေလိုတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို ဖြစ်ဖို့ နီးစပ်နေချိန်မှာပဲ အကြောင်းတခုကြောင့် အနည်းငယ် ချွတ်ချော်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့  အနည်းငယ် နီးစပ်လာပြီး နှစ်နိုင်ငံကြား မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရရင် သမိုင်းဝင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

No comments:

Post a Comment