Pages

Monday, June 24, 2019

ဆမ်ဒိုးရီးယားက ရိုးမားနည်းပြဟောင်း ဒီဖရန်ဆက်စကိုအား နည်းပြသစ်ခန့်အပ်

ဆမ်ဒိုးရီးယားအသင်းက ရိုးမားနည်းပြဟောင်း ဒီဖရန်ဆက် စကိုအား နည်းပြသစ်အဖြစ် ခန့် အပ်သည်။ ဒီဖရန်ဆက်စကိုသည် အေ စီမီလန်သို့ ထွက်ခွာသွားသော ဂျီ ယမ်ပေါ်လို နေရာအစားထိုးဝင် ရောက်မည်ဖြစ်သည်။ မတ်လတွင် ရိုးမားက ထုတ် ပယ်ခဲ့သော ဒီဖရန်ဆက်စကို သည် ဆမ်ဒိုးရီးယားနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုပြီး စီးရီးအေသို့ ပြန် ရောက်လာခဲ့သည်။ ဆမ်ဒိုးရီးယားသည် ဝါရင့်တိုက်စစ်မှူး ကွာဂလီယာ သွင်းယူသော ၂၆ ဂိုး၏ ကျေးဇူးကြောင့် စီးရီးအေ အဆင့် (၉) နေရာရရှိခဲ့သည်။



‘‘ဆမ်ဒိုးရီးယား ဆက်လက် တိုးတက်ရေးဆိုတဲ့ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်အတွက် ဒီဖရန် ဆက်စကိုဟာ အကောင်းဆုံးရွေး ချယ်မှုပါ’’ဟု အသင်းဥက္ကဋ္ဌ မက် ဆီမိုဖာရီရိုကပြောကြားသည်။

‘‘သူ့မှာ ဗဟုသုတ၊ အတွေ့ အကြုံ၊ ဘောလုံးနားလည်ကျွမ်း ကျင်မှု၊ စိတ်ဓာတ်၊ ဆန္ဒပြင်းပြမှု တွေရှိတယ်’’ဟု ဖာရီရိုက ဆက် လက်ပြောသည်။

ထိုအတောအတွင်း ဆမ်ဒိုး ရီးယားက ချီယေဗိုအသင်းမှ ညာ နောက်တန်းလူ ဖာဘီယိုဒီပေါ်လို (၂၂)နှစ်ကို တရားဝင်ဝယ်ယူခဲ့ သည်။ ၎င်းသည် ဇွန်လ ၂၂ ရက် နံနက်က ဆေးစစ်မှုအောင်မြင်ခဲ့ ပြီးနောက် နေ့လယ်တွင် ဆမ်ဒိုးရီးယားကစားသမား ဖြစ်လာ သည်။ ချီယေဗိုအကယ်ဒမီထွက် ဒီပေါ်လိုသည် ၂၀၁၇ က စီနီယာအသင်းတွင် စတင်ပါဝင်ခဲ့သည်။

No comments:

Post a Comment