Pages

Sunday, June 23, 2019

အရှေ့တောင်အာရှ ကနူးကယက်ပြိုင်ပွဲတွင် မြန်မာ ရွှေငါးခုအပါအ၀င်ဆုတံဆိပ်ကိုးခု ရရှိ

ထိုင်းနိုင်ငံ၌ ကျင်းပ သည့် ကနူးကယက်လှေလှော်ပြိုင် ပွဲတွင် မြန်မာလှေလှော်အဖွဲ့က ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ် နှစ်ခု နှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ်ကိုးခုရရှိခဲ့သည်။ ဇွန်လ ၂၀ ရက်က ထိုင်းနိုင် ငံပတ္တရားမြို့၌ ကျင်းပသည့် ယင်းပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်တွင် မြန်မာလှေလှော်အဖွဲ့သည် မီ တာ ၁,၀၀၀ ကနူးလှေလှော်ပွဲစဉ်၌ သန့်ဇင်ဦးနှင့် မျိုးလှိုင်ဝင်း၊ ကနူး လှေလှော်သက်ငယ်တန်းပွဲစဉ်၌ မျိုးလှိုင်ဝင်းက ရွှေတံဆိပ်တစ်ခုစီ စတင်ဆွတ်ခူးခဲ့သည်။



ထို့နောက် ဇွန်လ ၂၁ ရက် နှင့် ၂၂ ရက်က ကျင်းပသည့်ပြိုင်ပွဲ ဒုတိယနှင့် တတိယနေ့ပွဲစဉ်များ တွင် မီတာ ၅၀၀ ကနူးလှေလှော် ပွဲစဉ်၌ သန့်ဇင်ဦး၊ မီတာ ၅၀၀ ကနူးကယက် လှေလှော်ပွဲစဉ်၌ မျိုးလှိုင်ဝင်း၊ မီတာ ၅၀၀ ကယက် လှေလှော်ပွဲစဉ်၌ အောင်မျိုးသူ တို့က ရွှေတံဆိပ်တစ်ခုစီ အသီး သီး ထပ်မံဆွတ်ခူးခဲ့သည်။

အခြားပွဲစဉ်များတွင် မီတာ ၂,၀၀၀ သက်ငယ်တန်း အပြည် ပြည်ဆိုင်ရာ လှေလှော်ပွဲစဉ်၌ ဝေ ယံမိုးနှင့် မီတာ ၅၀၀ ကနူးလှေ လှော်ပွဲစဉ်၌ ၀င်းထိုက်နှင့် သန့် ဇင်ဦးတို့က ငွေတံဆိပ်တစ်ခုစီ ရရှိခဲ့သည်။ ထို့အပြင် မီတာ ၁,၀၀၀ သက်ငယ်တန်း ကယက်လှေ လှော်ပြိုင်ပွဲနှင့် မီတာ ၅၀၀ သက် ငယ်တန်း ကယက်လှေလှော်ပွဲစဉ် တို့၌ ထွန်းမင်းသန့်က ကြေးတံ ဆိပ်နှစ်ခု ရရှိခဲ့သည်။

ထို့ကြောင့် မြန်မာကနူးက ယက်လှေလှော်အဖွဲ့သည် အ ရှေ့တောင်အာရှ ကနူးကယက် ပြိုင်ပွဲ တတိယရက်အပြီးတွင် ရွှေ တံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ရရှိထားသည်။  မြန်မာ ကနူးကယက်အသင်း သည် ဇွန်လ ၂၃ ရက် (ယနေ့) တွင် ကျင်းပမည့် မီတာ ၂၀၀ နှင့် မီတာ ၅၀၀ ပြိုင်ပွဲများ၌ ဆက် လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments:

Post a Comment