Pages

Monday, June 17, 2019

စစ်တွေမြို့မရဲစခန်းလုံခြုံရေးအတွက် အုတ်တံတိုင်းခတ်ရန် ဘေးပတ်လည်ဆိုင်ခန်း ၇၀ ကျော်ကို ဖျက်

Image may contain: one or more people and outdoor စစ်တွေမြို့ လယ်ကောင်ရှိ အမှတ်(၁)မြို့မရဲ စခန်း လုံခြုံရေးတိုးမြှင့်ရေးအ တွက် အုတ်တံတိုင်းခတ်ရန် စခန်း ဘေးပတ် လည် ရောင်းချလျက်ရှိ သည့် ဈေးဆိုင် ၇၀ ကျော်ကို ဖြို ဖျက်ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လယ်ကောင်ရှိ စစ်တွေအမှတ်(၁) မြို့မရဲစခန်းကို လုံခြုံရေးတိုးမြှင့် ရန် အုတ်တံတိုင်းတည်ဆောက်ရေး အတွက် ရဲစခန်းဘေးပတ်လည်တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင် ခန်း ၇၆ ခန်းအား ဇွန် ၁၅ ရက်၊ နံနက်ပိုင်းမှ စတင်ကာ ဖြိုဖျက်ခဲ့ ကြောင်း စစ်တွေမြို့နယ်ရဲတပ်ဖွဲ့ ထံမှ စုံစမ်းသိရသည်။



စစ်တွေမြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက " ဖြိုဖျက်တာ ဟုတ် တယ်။ ဈေးဆိုင်တွေကို ၂၀၁၈ ခုနှစ်ကတည်းက ဖယ်ရှားပေးဖို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က တရား ၀င်စာထုတ်ထားတယ်။ နောက်ပိုင်း လည်း ထပ်ဆင့်အသိပေးအကြောင်း ကြားတယ်။ ဒီနေ့နောက်ဆုံးထားပြီး တော့ ဖျက်ပေးဖို့ပြောတော့ စဖျက် တာပေါ့။ အဓိကတော့ ဆိုင်ခန်း ပတ်ချာလည်ကို အုတ်တံတိုင်းခတ် မှာပေါ့။
ရဲစခန်းလုံလုံခြုံခြုံနဲ့ လုံခြုံရေးတိုးမြှင့်ဖို့ အတွက်ပေါ့ " ဟု ဒီမိုကရေစီတူဒေး၏ မေးမြန်းမှုကို ဇွန် ၁၅ ရက်တွင် ဖြေကြားသည်။
တရားဝင် လုပ်ထုံးလုပ်နည်း အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးက "ကျွန်တော်တို့ ဆိုင်ခန်းတွေအား လုံးကို ဒီနေ့စဖြိုတာပေါ့။ မေ ၃၀ ရက်ကနေ ဇွန် ၁၅ ရက်အထိ နောက်ဆုံးထားဖယ်ရှားပေးဖို့ စာ ထုတ်ထားတော့ ဒီနေ့ သတ်မှတ် ရက်ပြည့်ပြီလေ။ ဒါကြောင့်ဖြိုဖျက် တာပေါ့ "  ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဖြိုဖျက်သည့်ဆိုင်ခန်းများမှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ စတိုး ဆိုင်၊ ဆေးဆိုင်၊ အထည်ဆိုင်၊ ပန်းထိမ်ဆိုင်၊ ရေဒီယို၊ တီဗွီ၊ ဖုန်း၊ နာရီအရောင်းဆိုင်နှင့် ပြုပြင်ရေး ဆိုင်များ၊ ပလတ်စတစ်ပစ္စည်းဆိုင် များဖြစ်သည်။

အထည်ဆိုင်ပိုင်ရှင် အမျိုး သမီးတစ်ဦးက "ဒီလောက်မိုးတွင်း ရာသီမှာ ကျွန်မတို့ဘယ်နေရာမှာ သွားရောင်းရမလဲ။ ရဲကလည်း ဖယ် မပေးရင် အရေးယူမယ်လို့ ပြော တယ်။ ကျွန်မတို့ ဘယ်သူ့ကိုအား ကိုးရမလဲ " ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။ ဆိုင်ခန်းများကို နေရာပြောင်း ရွှေ့ပေးရန် ပြီးခဲ့သည့်နှစ်က အမိန့် စာထုတ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဈေးဆိုင်ခန်းများသည် ၁၉၉၃ ခုနှစ်မှ စတင်ကာ ရဲတပ်ဖွဲ့ ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆိုင် ခန်းအဆောက်အအုံကို ၀ယ်ယူကာ မြေနေရာငှားရမ်းခအား အမှတ် (၁)မြို့မရဲစခန်းထံ လစဉ်ပေးသွင်း ၍ ရောင်းချနေသည့် ဆိုင်ခန်းများ ဖြစ်သည်။

No comments:

Post a Comment