Pages

Wednesday, June 19, 2019

အဆောက်အအုံများ တိုးချဲ့လာခြင်းကြောင့် ဇလုံတောင်၏ထူးခြားသော ဝိသေသလက္ခဏာများ ထိခိုက်လာနိုင်သဖြင့် ထိန်းသိမ်းရန်လိုအပ်နေဟု လွှတ်တော်ကိုယ်စားလှယ်ထောက်ပြ

Image may contain: sky and outdoor စစ်ကိုင်းတိုင်းဒေ သကြီး ဗန်းမောက်မြို့နယ်ရှိ ဇလုံ တောင်တော်တွင် သာသနိက အ ဆောက်အအုံများ၊ အပန်းဖြေနေ ရာများ၊ ဈေးဆိုင်ခန်းများတိုးချဲ့လာ ခြင်းကြောင့် တောင်တော်၏ ထူး ခြားသော ဝိသေသလက္ခဏာများ ထိခိုက်လာနေကြောင်း ဗန်းမောက် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားကြောင်း သိ ရသည်။ေ တာင်တော်၏ ထူးခြား သော ဝိသေသလက္ခဏာများ ထိ ခိုက်လာနေသောကြောင့် တောင် တော်ရေရှည်ထိန်းသိမ်းနိုင်ရေး စီမံ ချက်များ မည်သို့ဆောင်ရွက်သွား မည်ကို သိလိုကြောင်း ဇွန် ၁၇ ရက် က ကျင်းပသော ၁၉ ကြိမ် မြောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တွင် မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ် သည်။



""ဘုရားဖူးတွေလာတာ နှစ်စဉ် များလာတယ်။ အဲဒီအတွက် ချဲ့ထွင် တာတွေလည်း များလာတယ်။ အ ရင်ကလည်း ဘူမိအနေအထားအ ရ မတည်ငြိမ်ဖြစ်ပြီး ပြိုကျခဲ့တာတွေ ရှိတယ်၊ ဒါကြောင့် တောင်ရဲ့ ခံနိုင် ဝန်အားကို ဘူမိပညာရှင်တွေရဲ့ အကြံဥာဏ်ယူပြီးလုပ်ဖို့ ရေရှည် ထိန်းသိမ်းဖို့လိုနေပြီ"" ဟု ၄င်းက ပြောကြားသည်။

ဇလုံတောင်သည် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန အမိန့်ကြော် ငြာစာအရ သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားသော နေရာတစ်ခုဖြစ်ပြီး မတ် ၂၈ ရက်က ဇလုံတောင်အမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်းနိုင်ရေးအတွက် သစ်တောဦးစီးဌာန ရုံးချုပ်သို့ တင် ပြထားပြီးဖြစ်သည်။

"အမျိုးသားဥယျာဉ် သတ်မှတ် ပြီးရင် အမာခံထိန်းသိမ်းရေးနယ်မြေ နဲ့ ကြားခံနယ်မြေသတ်မှတ်ပြီး အ ဆောက်အအုံဆောက်တာ၊ အပန်း ဖြေနေရာဖော်တာကို ကျွမ်းကျင်ပ ညာရှင်တွေ အကြံÓဏ်ပေးချက် အပေါ်မှာပဲ ဝိသေသလက္ခဏာ တွေမထိခိုက်အောင် စီမံချက်တွေနဲ့ လုပ်ဆောင်သွားမှာပါ"" ဟု တိုင်းဒေ သကြီး ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောသည်။
ဒေသခံများ လူမှုစီးပွားဖွံ့ဖြိုး ရေးအတွက်လည်း ကြားခံနယ်မြေ တွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းနှင့် ဒေသခံအခြေပြု ခရီးသွားလုပ်ငန်းများကို စည်းကမ်း များသတ်မှတ်ပြီး ခွင့်ပြုပေးမည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment