Pages

Thursday, June 27, 2019

ဗိုလ်ချုပ်ပြတိုက်(ရန်ကုန်)သို့ ခြောက်လတာခန့်အတွင်း ပြည်တွင်း၊ပြည်ပဧည့်သည် နှစ်သောင်းကျော်ဝင်ရောက်၊ ဂျပန်နှင့် တရုတ်နိုင်ငံသား အများဆုံးလာရောက်

Image may contain: one or more people, house, tree, outdoor and natureဗိုလ်ချုပ်အောင် ဆန်းပြတိုက် (ရန်ကုန်)သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း ပြည်တွင်း၊ပြည်ပဧည့် သည် နှစ်သောင်းကျော်ဝင်ရောက် ခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များ အနေဖြင့် ဂျပန်နှင့်တရုတ်နိုင်ငံမှ အများဆုံးလာရောက်ကြကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဇွန် ၂၀ ရက်အတွင်း ပြည်တွင်း မှ ၁၈၃၂၃ ဦး၊ ပြည်ပမှ ၄၂၂၃ ဦး တို့ လာရောက်ခဲ့သည်ဟု ဆိုသည်။



""ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အထိ ပြည်တွင်းက ၁၈၃၂၃ ဦး၊ ပြည်ပက ၄၂၂၃ ဦးတို့ လာ ရောက်ပါတယ်။ တစ်ရက်ကို ပျမ်း မျှ ပြည်တွင်းက ၁၀၅ ဦး၊ပြည်ပက ၂၅ ဦးခန့်လာရောက်ပါတယ်။ပြည်ပကဆိုရင် ဂျပန်နှင့်တရုတ် နိုင်ငံမှ အုပ်စုလိုက်ခရီးသွားများ အနေဖြင့် လာရောက်ကြပြီးလာ ရောက်မှု အများဆုံးနိုင်ငံတွေဖြစ် ပါတယ်""ဟု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်) ပြတိုက်မှူး ဒေါ်အိသန္တာက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ပိတ် ရက်များမှလွဲ၍ နေ့စဉ်ဖွင့်လှစ်ထား ပြီး ပြည်တွင်းဧည့်သည်များအနေ ဖြင့် အခမဲ့ကြည့်ရှုနိုင်ကြောင်း သိရ သည်။

""အမှန်တော့ အာဇာနည်နေ့ မှမဟုတ်ပါဘူး။ ပြတိုက်ကို ပြ တိုက်ပိတ်ရက်မှအပ နေ့စဉ် ပြည် တွင်းဧည့်သည်တွေအတွက် အခ မဲ့ဖွင့်ထားပါတယ်။ ပြည်ပနိုင်ငံခြား သားတွေကိုတော့ ဝင်ကြေး ကျပ် ၅၀ဝ၀ ကောက်ခံပါတယ်""ဟု ၄င်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် (၇၂)နှစ် မြောက် အာဇာနည်နေ့အခမ်း အနားအထူးပြပွဲအတွက် အထူးပြု ပြင်မွမ်းမံမှုများပြုလုပ်ရန် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ပိတ် ထားကြောင်း၊ အာဇာနည်နေ့တွင် ပြန်ဖွင့်ပြီး ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ အထူးပြပွဲပြသမည် ဖြစ်၍ နံနက် ၆ နာရီမှည ၆ နာရီ ထိ လာရောက်ကြည့်ရှုနိုင်ကြောင်း၊ အထူးပြပွဲရက်ပြီးချိန်တွင်လည်း ပုံမှန်ဖွင့်လှစ်ထားမည်ဖြစ်၍ ပြ တိုက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment