Pages

Tuesday, June 11, 2019

ကွယ်လွန်သူအမတ်၏မဲဆန္ဒနယ်သို့ အခြားကိုယ်စားလှယ်များ ကွင်းဆင်းပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌမေတ္တာရပ်ခံ

လွှတ်တော်ကိုယ်စား လှယ်သေဆုံးပြီး အစားထိုး ပြန် လည်ရွေးချယ်နိုင်ခြင်း မရှိသေး သည့် ဟုမ္မလင်းမြို့နယ်မှ မဲဆန္ဒ နယ်မြေတစ်ခုသို့ ဒေသတွင်း ကျန် လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေကွင်းဆင်းပြီး လူထုနှင့် တွေ့ဆုံပေးကြရန် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက စာထုတ်၍ မေတ္တာရပ်ခံသည်။ ဟုမ္မလင်းမြိ့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းညွန့် ကွယ်လွန်ပြီးနောက် ၁၀ လခန့် အကြာတွင် ကျန်လွှတ်တော်ကိုယ် စားလှယ်သုံးဦးကို ဦးသန်းညွန့်၏ မဲဆန္ဒနယ်သို့ ဆင်းရန် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က တိုက်တွန်းခြင်းဖြစ်သည်။

‘‘စာထုတ်တာ ဟုတ်ပါ တယ်။ ကျွန်တော်တို့လည်း ဆင်းပါ တယ်။ လုပ်ပေးစရာရှိတာလည်း လုပ်ပေးပါတယ်။ မပစ်ထားပါ ဘူး’’ဟု ကွယ်လွန်သူ ဦးသန်းညွန့် ၏ မဲဆန္ဒနယ်သို့ ကွင်းဆင်းရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ က မေတ္တာရပ်ခံတိုက်တွန်းခြင်း ခံရသည့် လွှတ်တော်ကိုယ်စား လှယ်သုံးဦးအနက် ဟုမ္မလင်းမြို့ နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဌေးလွင်က ပြော သည်။

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက မေ လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာ၌ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး ညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးနှင့် ဦးကျော်ဌေးလွင်တို့ကို ဦးသန်း ညွန့်၏မဲဆန္ဒနယ်သို့ ကွင်းဆင်း၍ လူထုနှင့်တွေ့ဆုံပြီး ဒေသခံလူထု ၏ အခက်အခဲများကို ကူညီဖြေ ရှင်းပေးရန် မေတ္တာရပ်ခံအကြောင်း ကြားပါသည်ဟု ပါရှိသည်။

‘‘သက်ဆိုင်ရာ ကိုယ်စား လှယ်ဆုံးသွားတဲ့နောက်ပိုင်း လိုအပ်ချက်တွေ ရှိနေတာကို တက် မလာတဲ့အခါကျတော့ ကျန်တဲ့ ကိုယ်စားလှယ်တွေကို ၀ိုင်းဝန်း အကူအညီတောင်းတာပါ’’ ဟု ဦးသန်းက ပြောသည်။

အသက်(၆၅)နှစ်အရွယ် ဦးသန်းညွန့်သည် ၂၀၁၈ နိုဝင်ဘာ  ၃၀ ရက်တွင် နှလုံးသွေးကြောပိတ် ရောဂါကြောင့် ရုတ်တရက် ကွယ် လွန်ခဲ့သည်။  ၂၀၁၈ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ၂၇ ရက်အကြာတွင် ကွယ်လွန်ခြင်း ဖြစ်ရာ ၎င်း၏မဲဆန္ဒနယ်အတွက်ပြန်လည်အစားထိုး ရွေးကောက် နိုင်ခြင်း မရှိခဲ့ပေ။ ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)သို့ ယခင်က သွားရောက်ခဲ့သလို လွှတ်တော်အ စည်းအဝေးများ ပြီးပါကလည်း  ကျန်လွှတ်တော်ကိုယ်စားလှယ် သုံးဦးက အလှည့်ကျ ကွင်းဆင်း မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားရေး ရာကော်မတီဥက္ကဋ္ဌ တာဝန်ယူ ထားသည့် ဦးကျော်ဌေးလွင်က ပြောသည်။

No comments:

Post a Comment