တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာမှာ ဇွန်(၁၃)ရက် မနက်ပိုင်းက အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကျွန်းစုမြို့မရဲစခန်းက သိရပါတယ်။ ပြုတ်ကျသေဆုံးသူဟာ လွန်ခဲ့တဲ့(၇)နှစ်ကတည်းက မိသားစုနဲ့အတူ မနေထိုင်ဘဲ တစ်ဦးတည်း သီးခြားခွဲနေသူဖြစ်ကာ အရက်သေစာ သောက်စားလေ့ရှိပြီး ကျေးရွာထဲမှာ လျှောက်သွားနေတတ်သူ တစ်ဦးဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အဲဒီရေတွင်းဟာလည်း ကျေးရွာလမ်းမဘေးမှာကပ်နေပြီး အကျယ် (၆)၊ အနက် ပေ(၂၀)ခန့်ရှိပြီး အကာအရံမရှိတဲ့ ရေတွင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်းစုမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၉)နဲ့ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက် နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment