Pages

Thursday, June 27, 2019

ပီနန်ကမ်းခြေတစ်နေရာတွင် ရေတားနံရံတစ်ခု တည်ဆောက်နေစဉ်ပြိုကျသဖြင့် မြန်မာနိုင်ငံသား(၄)ဦးသေဆုံး

Image may contain: outdoorမလေးရှားနိုင်ငံ ပီနန်ကမ်းခြေတစ်နေရာတွင် ရေတားနံရံတစ်ခု တည်ဆောက်နေစဉ် ဇွန်လ(၂၅)ရက်ည ဒေသစံတော်ချိန် ၉ နာရီ ၄၅မိနစ်ခန့်က ပြိုကျခဲ့သဖြင့် မြန်မာနိုင်ငံသား(၄)ဦး အသက်ဆုံးရှုံးခဲ့သည်။ အဆိုပါ မြန်မာ(၄)ဦးသည် အရှင်လတ်လတ်မြေမြှုတ်ခံလိုက်ရသည့်နှယ်ဖြစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်များကပြောကြောင်း ရဲတပ်ဖွဲ့ဆိုသည်။ ရုပ်အလောင်း(၄)ခုကို ပြန်လည်တွေ့ရှိရာ (၃)ဦးမှာ မတ်တပ်အနေအထားဖြင့် သေဆုံးနေကြောင်းသိရသည်။


ယခုပြိုကျခဲ့သော ရေတားနံရံကို ရက်(၂၀)ဖြင့်အပြီးတည်ဆောက်ရန် မြန်မာအလုပ်သမား(၄)ဦးကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ေ သဆုံးခဲ့သော မြန်မာလုပ်သားများ၏ ကိုယ်ရေးအချက်အလက်များကို အတည်ပြုရန်အတွက် မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားထားကြောင်းသိရသည်။ ပီနန်ကျွန်းမြို့တော်ကောင်စီကမူ အဆိုပါ ရေတားနံရံတည်ဆောက်ခြင်းလုပ်ငန်းသည် တရားမ၀င်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ မြေတားနံရံပြိုကျခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။

No comments:

Post a Comment