Pages

Friday, June 7, 2019

ချင်းတွင်းမြစ်အတွင်း အလောင်းတစ်လောင်းတွေ့

မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း၌ ယနေ့နံနက်ပိုင်းက အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။ ယင်းအမျိုးသားမှာအသက် ၃၈ နှစ်အရွယ်ခန့်ရှိကာ မုံရွာ မြို့ထန်းတောရပ်ကွက်မှ ရွှေပျံလွှားမော်တော် လုပ်သားတစ်ဦးဖြစ်ကြောင်း မော်တော်ပိုင်ရှင် ဦးနိုင်လင်းက အတည်ပြုသည်။ "ကျွန်တော်မော်တော်မှာလိုက်နေရင်း အရက်အရမ်းသောက်ပြီး အလုပ်မလုပ်လို့ မော်တော်ပေါ်က နှင်ချထားတာ" ဟု ဦးနိုင်လင်းက ပြောသည်။ သေဆုံးသူမှာ ဇွန် ၃ ရက်က အရက်မူးကာချင်းတွင်းမြစ်အတွင်းရေဆင်းချိုးရာမှ ပေါ်မလာတော့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

No comments:

Post a Comment