Pages

Wednesday, June 12, 2019

ဒလမြို့နယ်တွင် ဖဲဝိုင်း၌ လူသတ်မှုဖြစ်

ဒလမြို့နယ်ရှိ နာရေးအိမ်တစ်အိမ်၌ ဖဲရိုက်သူနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့သည်။ လူသတ်မှုကျူးလွန်သူသည်အသက်(၃၅)နှစ်ရှိ စောသူရ(ခ) သားငယ်ဆိုသူဖြစ်ပြီး ဇွန်လ ၁၀ ရက် နံနက် ၁ နာရီက ညောင်တုန်း ရပ်ကွက် မြို့ပတ်လမ်းထိပ်ရှိ နာ ရေးအိမ်တစ်အိမ်တွင် ဖဲရိုက် လောင်းကစားပြုလုပ်ခိုက် စနေ မောင်မောင်ဆိုသူနှင့် စကားများ ရန်ဖြစ်ပြီးနောက် အိမ်အပြင်သို့ ထွက်၍ လုံးထွေးသတ်ပုတ်စဉ် စောသူရက အသင့်ပါလာသော ဓားဖြင့်ထိုးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။



စနေမောင်မောင်သည် ရင် အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ ပါး ထိုးသွင်းဒဏ်ရာတစ်ချက်စီ ရရှိကာ အခင်းဖြစ်နေရာ၌ လဲကျနေ သည်ကို ရပ်ကွက်နေသူတစ်ဦးက တွေ့ရှိ၍ ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းက ဆို သည်။ ‘‘တရားခံကို ဖမ်းမိထားပါ တယ်။ လောလောဆယ်တော့ စစ်ဆေးနေတုန်းပါပဲ။ ဖဲဝိုင်းမှာ ကစားရင်းနဲ့ စကားများကြတယ် လို့တော့ ပြောတယ်။ ကျန်တာ တော့ မသိသေးဘူး’’ဟု ဒလမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စောသူရကို ဒလမြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

No comments:

Post a Comment