Pages

Saturday, June 29, 2019

ကမ္ဘာတစ်ဝန်း မူပိုင်ခွင့် ရှစ်သောင်းကျော် ပိုင်ဆိုင်ထားကြောင်း ဟွာဝေး ဆို

၂၀၁၈ နှစ်ကုန်ထိ စာရင်းအရ ကမ္ဘာတစ်ဝန်း မူပိုင်ခွင့် ၈၇၈၀၅ ခု ပိုင်ဆိုင်ထားကြောင်း ဟွာဝေး ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ အမေရိကန်နိုင်ငံအတွင်း မူပိုင်ခွင့် ၁၁၁၅၂ ခု ပိုင်ဆိုင်ထားကြောင်းလည်း ဟွာဝေးက ဆိုသည်။ ဟွာဝေးသည် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိကို နှစ်စဉ် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။ ဟွာဝေးသည် ဖိုက်ဂျီနည်းပညာပိုင်းတွင် ၂၀၁၈ နှစ်ကုန်အထိ ဒေါ်လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။



ထိုနှုန်းသည် အမေရိကန်နှင့် ဥရောပ ဆက်သွယ်ရေးကုမ္ပဏီများ ဖိုက်ဂျီအတွက် စုပေါင်းသုံးစွဲနှုန်းထက်ပင် သာလွန်လျက်ရှိသည်။

ပြီးခဲ့သည့် နှစ် ၃၀ အတွင်း ဟွာဝေးသည် အခြားကုမ္ပဏီများ၏ မူပိုင်ခွင့်များအသုံးပြုမှုအတွက်လည်း ဒေါ်လာ ခြောက် ဘီလီယံကျော် ပေးချေခဲ့ပြီး ၈၀ ရာခိုင်နှုန်းသည် အမေရိကန်ကုမ္ပဏီများကို ပေးချေခြင်းဖြစ်ကြောင်း သိရသည်။

မူပိုင်ခွင့်ကို လေးစားခြင်းသည် ဟွာဝေး၏ ဂုဏ်ရည်လည်းဖြစ်သလို၊ လုပ်ငန်းအောင်မြင်ရခြင်း အကြောင်းရင်းလည်းဖြစ်သည်ဟု ဟွာဝေး တရားရေးဌာန အကြီးအကဲ ဆောင်လျူပင်းက ပြောသည်။

No comments:

Post a Comment