Pages

Monday, June 24, 2019

မီနီအိုးဝေ စီးနင်းလျှင် အခမဲ့ဝိုင်ဖိုင် ၁၅ မိနစ် ရမည်

တယ်လီနောမြန်မာနှင့် Oway Ride တို့ ပူးပေါင်း၍ မီနီအိုးဝေ သုံးဘီးယာဉ် စီးနင်းသူများအတွက် အခမဲ့ဝိုင်ဖိုင် ၁၅ မိနစ်အသုံးပြုနိုင်မည့် အစီအစဉ်ကို ယနေ့ ဇွန်လ ၂၄ ရက်တွင် စတင်မိတ်ဆက်သည်။ ခရီးစဉ်အတည်ပြုပြီး ယာဉ်ပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် အခမဲ့ဝိုင်ဖိုင်အပြင် ဖုန်းငွေနှင့် ဒေတာဖြည့်သွင်းခြင်း ဝန်ဆောင်မှုများကိုပါ ရယူသွားနိုင်မည်လည်း ဖြစ်ကြောင်း တယ်လီနောမြန်မာ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဋ္ဌေးက ပြောကြားသည်။



" စီးနင်းလိုက်ပါသူတွေအတွက်သာ အကျိးရှိစေမှာ မဟုတ်ဘဲ ယာဉ်မောင်းတွေအတွက်လည်း ဖုန်းဘေလ်နဲ့ အင်တာနက်ဒေတာ ဖြည့်သွင်းပေးတာတွေကနေ အပိုဝင်ငွေ ရရှိစေမှာ ဖြစ်ပါတယ် " ဟု ၎င်းက ဆိုသည်။

အိုးဝေ၏ ခရီးသည်များသည် ခရီးစဉ်တလျှောက် အင်တာနက်မှတဆင့် ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုခြင်း၊ အလုပ်ကိစ္စ အီးမေးလ်ပေးပို့ခြင်း၊ အွန်လိုင်းမှတဆင့် စကားပြောဆိုခြင်းများ ပြုလုပ်လေ့ရှိကြသဖြင့် အခမဲ့ဝိုင်ဖိုင်ဝန်ဆောင်မှုသည် ၎င်းတို့အတွက် အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း အိုးဝေလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် Mr. Alok Kumar က ပြောဆိုသည်။

မန္တလေးမြို့သည် အရှေ့တောင်အာရှတွင် စမတ်မြို့တော်အဖြစ် ပေါ်ပေါက်လာနိုင်ရန် အလားအလာအရှိဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး မြန်မာနိုင်ငံ လျှောက်လှမ်းနေသည့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်နှင့် အခြားသော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ခရီးစဉ်တွင် ကူညီထောက်ပံ့ပေးရန်နှင့် အစိုးရ၏ မျှော်မှန်းချက်ဖြစ်သည့် စမတ်မြို့တော်များ ပေါ်ပေါက်လာရေး ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက ဆက်လက် ထုတ်ပြန်ထားသည်။

No comments:

Post a Comment