Pages

Saturday, June 8, 2019

တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ ပျံ့နှံ့အောင် အမေရိကန်လုပ်နေဟု ပူတင် ပြော

အမေရိကန်ဟာ သူရဲ့ တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ပျံနှံ့အောင် ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်ဟာ သူရဲ့ စီးပွားရေးသာလွန်မှုကို ထိန်းသိမ်းဖို့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ကမ္ဘာ့တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ဖိအားပေး ဒဏ်ခတ်တာတွေ လုပ်နေတယ်လို့  သမ္မတ ပူတင်က အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။



စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပူတင်က အမေရိကန်ဟာ ဒေါ်လာကို ဖိအားပေးတဲ့ ကိရိယာအဖြစ် ပြောင်းလိုက်တဲ့အတွက် အမေရိကန်ဒေါ်လာ အပေါ် ယုံကြည်မှု လျော့နည်းစေပြီး အမေရိကန် အကျိုးစီးပွားကို ပျက်စီးစေတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန် လုပ်ဆောင်ပုံက  ဟွာဝေးကို ကမ္ဘာ့ဈေးကွက်ကနေ ပေါ်ပေါ်ထင်ထင်ဆွဲထုတ်ပစ်တာလို့ သမ္မတပူတင်ကဆိုပါတယ်။ အဲဒီအတွက် ဒီဂျစ်တယ်ခေတ်ကြီးမှာ ပထမဆုံးနည်းပညာ စစ်ပွဲကို ဖြစ်စေတယ်လို့လည်း ဖိုရမ်မှာ ပူတင်က ပြောခဲ့ပါတယ်။

No comments:

Post a Comment