Pages

Friday, June 21, 2019

လေယာဉ်ပစ်စက်သေနတ်ကျည် ၄၀၀ ခန့်ကို တာချီလိတ်တွင် ဖမ်းမိ

လေယာဉ်ပစ်စက်သေ နတ်ကျည်အတောင့် ၄၀၀ ခန့်ကို တာချီလိတ်မြို့တွင် ယမန်နေ့က ဖမ်းမိခဲ့ပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ က အမျိုးသားတစ်ဦးကို စစ်ဆေး နေသည်။ အသက်(၅၀)အရွယ်ခန့်အ ရွယ်ခန့် အမျိုးသားတစ်ဦးက ပွိုင့် 5 အမျိုး အစားစက်သေနတ်ကျည် ၃၉၇ တောင့်ကို အိမ်စီးကားအတွင်း ၀ှက်၍သယ်ဆောင်လာစဉ် တာ ချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေး ဂိတ်အရောက်၌ လုံခြုံရေးအဖွဲ့က တားဆီးစစ်ဆေးရာမှ ရှာဖွေတွေ့ ရှိခြင်းဖြစ်သည်။



‘‘ကျည်ဆန်တွေကို ထိုင်း ဘက်ကနေ တရားမ၀င်ပေါက်က သယ်လာတာလို့ ကနဦးသိရ တယ်။ ပွိုင့် 5 သေနတ်က လေယာဉ်ပစ် တဲ့ အမျိုးအစား။ လားရှိုးတို့၊ မူဆယ်တို့ဘက်ကို   ဖြတ်သယ်မယ့် အနေအထားမှာရှိတယ်’’ ဟု ဇွန်လ ၂၀ ရက်ညနေအထိ စစ်ဆေးမှုအခြေအနေကို ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော် ခင်အောင်က ပြောသည်။

ထိန်းသိမ်းထားသောအမျိုး သားကိုတပ်မတော်ကလည်း စစ် ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် နယ်ချင်းထိစပ်နေပြီး ရွှေတြိဂံ ဒေသတွင် ပါဝင်သောရှမ်းပြည် နယ်အရှေ့ပိုင်း တာချီလိတ်မြို့ နယ်၌ မကြာသေးမီကလည်း အ ရေအတွက်များပြားသော မူးယစ် ဆေးဝါးများနှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းမိခဲ့သည်။ ထို့ အပြင် ပြီးခဲ့သည့်ငါးလခန့်အ တွင်း မြို့ပေါ်ရှိ ရွှေဆိုင်အချို့ကို ဓားပြတိုက်ခြင်း၊ သေနတ်ဖြင့်ပစ် ခတ်လုပ်ကြံခြင်းများဖြစ်ခဲ့သည်

No comments:

Post a Comment