Pages

Thursday, June 20, 2019

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး မန်းရွှေစက်တော်ဘုရားသို့ လာရောက်ဖူးမြော်

Image may contain: 2 people, indoorတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဇွန်လ(၁၉)ရက် ညနေ ၃ နာရီ ၃၀ မိ နစ်ခန့်က မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာသို့ လာရောက်ဖူးမြော် ခဲ့ကြောင်း သိရသည်။ “ဟုတ်ပါတယ်။ ကာချုပ်တို့ ဇနီးမောင်နှံ ရဟတ်ယာဉ်(၂)စီးနဲ့ ညနေ ၃ နာရီခွဲလောက် ဘုရားရောက်ပါတယ်။ အောက်စက်တော်ရာ ဘုရားဖူးကြပါတယ်။ ဘုရားကြီးအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပါတယ်။ ညနေ ၄ နာရီခွဲလောက် ပြန်ကြပါတယ်”ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးဝင်းက ပြောသည်။


မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရှိ မြတ်စွာဘုရား ခြေတော်ရာအား ယခင်က ပွဲတော်ပြင်ပကာလတွင် သံမဏိအုပ်ဆောင်းဖြင့် အုပ်ဆောင်းခဲ့ရာ အများပြည်သူ တစ်နှစ်ပတ်လုံးဖူးမြော်ကြည်ညိုနိင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ၂၀၁၄ ခုနှစ် ဇွန်လ(၁၇) ရက်တွင် မြသလွန်ဘုရားပုံတူ အလင်းပေါက် ဖန်အုပ်ဆောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ကို အမှူးထားပြီး တပ်မတော် (ကြည်း/ ရေ/ လေ) မိသားစုများနှင့် ဓမ္မမိတ်ဆွေအလှူရှင်များက အလင်းပေါက်ဖန်အုပ်ဆောင်းအပြင် လုံခြုံရေး သံပန်းနှင့် ကျွန်းတိုင်များ အစားထိုးပြီး ဘက်စုံပြုပြင် မွမ်းမံလှူဒါန်းခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment