မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များမှ အသက် (၈၅) နှစ်အထက်ရှိသော ဘိုးဘွား ၁၀၀၀ ကျော်ကို လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကျော်အား ဇွန်လ ၂၄ ရက်နေ့က ပေးအပ်ခဲ့ကြောင်း မြိတ်ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရုံးမှ သိရ သည်။ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ၂၀၁၇- ၂၀၁၈ ခုနှစ်၌ ဘိုးဘွားများ၏ အသက်ကို (၉၀) နှစ်အထက်ဟု သတ်မှတ်ခဲ့ပြီး ယခုနှစ် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် အသက် (၈၅) နှစ် အထက်သို့ လျှော့ချသတ်မှတ် လိုက်ကြောင်း သိရသည်။ အဆိုပါ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအတွက်လူမှုရေးပင်စင်ပေးအပ်ရာတွင် ဘိုဘွား ၁၀၆၀ ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၃၁၈ ပေးအပ်ခဲ့ကြောင်း တစ်ဦးလျှင် တစ်လ ၁ သောင်းနှုန်းဖြင့် ၃ လစာ ပေးအပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment