Pages

Tuesday, June 11, 2019

ရှမ်းပြည်နယ် မြောက်ပိုင်း၌ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုရင်ဆိုင်နေသူ ၁၄ ဦးရှိ

 ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုရင်ဆိုင်နေရသူ ၁၄ ဦးရှိ ကြောင်း ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ပြော သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သည့် ဇွန်လ ၁၀ ရက်တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၏ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားရင်ဆိုင်နေရသည့်အမှုနှင့်  တရားခံအရေ အတွက် သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်းပြီး ဦးကြွယ်ကြွယ်က ပြန်လည်ဖြေကြားသည်။ 
မတရားအသင်း ဆက် သွယ်မှုပုဒ်မဖြင့် တရားရင်ဆိုင်   နေရသူ အရေအတွက်မှာ မူဆယ် ၌ တစ်ဦး၊ လားရှိုးတွင် ငါးဦးနှင့်  ကျောက်မဲ၌ ရှစ်ဦးရှိပြီး အမှု ၁၁ မှုဖြစ်ကြောင်း  ဦးကြွယ်ကြွယ်က ပြောသည်။

မူဆယ်၊ လားရှိုးနှင့် ကျောက်  မဲခရိုင်တို့တွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် အရေးယူ ထားသူများ ရှိသော်လည်း ပ လောင်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရှိ မြို့နယ်တရား ရုံးများ၌ မတရားအသင်းဆက် သွယ်မှုပုဒ်မဖြင့် အရေးယူထားသူမရှိကြောင်း ဦးကြွယ်ကြွယ်က ပြောသည်။

မတရားအသင်း ဆက်သွယ် မှုဖြင့် အရေးယူခံရသူ အရေအ တွက်နှင့် အမှုအရေအတွက် မေးမြန်းရခြင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းသည် လက်နက်ကိုင် များ သွားလာလှုပ်ရှားနေသည့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ ဒေသဖြစ်သောကြောင့်ဟု ဦးစိုင်းထွန်းဉာဏ်က ပြောကြား သည်။  ‘‘လက်နက်ကိုင် ပဋိပက္ခ ကြားမှာ ပြည်သူတွေအနေနဲ့ အ ဖွဲ့အစည်းတိုင်းကို မလွန်ဆန်နိုင် တဲ့အနေအထားနဲ့ ဆက်ဆံနေရ တာဖြစ်ပါတယ်။ တချို့မြို့နယ် တွေမှာဆိုရင် ပြည်သူတွေကို လက်နက်ကိုင်တွေနဲ့ ဆက်သွယ် တယ်။ ထောက်ပံ့တယ်ဆိုပြီး ဖမ်း ဆီးမှုတွေ ရှိနေတယ်’’ဟု ဦးစိုင်း ထွန်းဉာဏ်ကပြောသည်။

No comments:

Post a Comment