Pages

Sunday, June 23, 2019

အီးယူ-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် သံအမတ်သစ်ကို သမ္မတဦးဝင်းမြင့် မှာကြား

အီးယူ-မြန်မာဆက် ဆံရေးပိုမိုကောင်းမွန်အောင်လုပ် ဆောင်ရန် ချက်သမ္မတနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီးဖြစ်လာ သည့် ဒေါ်ကေသီစိုးကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က လမ်းညွှန်မှာ ကြားသည်။ြ မန်မာနိုင်ငံ၏  ပဉ္စမမြောက် အမျိုးသမီးသံအမတ်ကြီး ဒေါ် ကေသီစိုးသည် ယခုလကုန်တွင်  ချက်သမ္မတနိုင်ငံသို့သွားရောက် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး  ဇွန်လ ၂၁ ရက်တွင် သမ္မတဦး ၀င်းမြင့်က နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သမ္မတရုံးခန်း၌တွေ့ ဆုံ၍ လိုအပ်သည့်မူဝါဒများကို  လမ်းညွှန်မှာကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားသည်ဟု ဆို သည်။



‘‘ကိုယ့်လုပ်သက် တစ် လျှောက်ရရှိခဲ့တဲ့ အတွေ့အကြုံ တွေကို နိုင်ငံအတွက် အသုံးချဖို့ ပြောတယ်။ ချက်က အီးယူနိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့် အီးယူထဲ မှာ ချက်တင်မကပဲ အီးယူနဲ့မြန် မာ ဆက်ဆံရေးကောင်းအောင် လုပ်ပါပေါ့’’ဟု ဒေါ်ကေသီစိုးက ပြောသည်။

ထို့အပြင် အီးယူအဖွဲ့ဝင် နိုင်ငံများအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထင်လွဲမှုအချို့ ကိုသေချာရှင်းပြရန်နှင့် အမျိုးသ မီးသံအမတ်ဖြစ်ခြင်းကို သမ္မတ ဦးဝင်းမြင့်က ဂုဏ်ယူကြောင်း ပြောသည်ဟု ၎င်းက ရှင်းပြသည်။

ဒေါ်ကေသီစိုးသည် ချက် သမ္မတနိုင်ငံဆိုင်ရာ အထူးအာ ဏာလွှဲအပ်ခြင်းခံရသောမြန်မာ သံအမတ်ကြီးအဖြစ် တာဝန် မထမ်းဆောင်မီ ယခုလအထိ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူ ဟာ လေ့လာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေ  သည်။

မြန်မာနှင့်ချက်နိုင်ငံသည် ယခင်က သံတမန်အဆက်အ သွယ်ရှိဖူးသော်လည်း ၁၉၉၂ တွင် မြန်မာနိုင်ငံရှိ ချက်သံရုံးကို လည်းကောင်း၊ ၁၉၉၃ တွင် ချက် နိုင်ငံရှိ မြန်မာသံရုံးကိုလည်း ကောင်းပိတ်သိမ်းခဲ့သည်။ သို့ သော် ၂၀၁၄ တွင် ချက်နိုင်ငံက မြန်မာနိုင်ငံသို့ သံရုံးလာရောက် ဖွင့်လှစ်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံက လည်း ယခုလ ၄ ရက်တွင် ချက် နိုင်ငံ မြို့တော်ပရက်ဂ်၌ မြန်မာ သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ဖွင့်လှစ်ပေးခဲ့သည်။

လက်ရှိ ကမ္ဘာတစ်ဝန်းတွင် မြန်မာသံအမတ်ကြီး စုစုပေါင်း ၃၆ ဦးရှိရာ လေးဦးသည် အမျိုး သမီးသံအမတ်ကြီးများဖြစ်ပြီး ၃၂ ဦးသည်  အမျိုးသားသံအမတ်ကြီး များဖြစ်သည်။

ယခင်အစိုးရလက်ထက် တွင် ဂျာမနီနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးအဖြစ် ဒေါ်ယဉ်ယဉ် မြင့်၊     နော်ဝေးနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးအဖြစ် ဒေါ်မော်မော် တို့ကို ခန့်အပ်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအ ဖြစ် ဒေါ်အိအိခင်ဧနှင့် ဒေါ်ကေသီ စိုးတို့ကို ခန့်အပ်ခဲ့သည်။ မြန်မာ့သမိုင်းတစ်လျှောက်  ပထမဆုံး အမျိုးသမီးသံအမတ် ကြီးသည် လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်၏ မိခင်ဒေါ်ခင် ကြည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်  ဆန်း၏ဇနီး ဒေါ်ခင်ကြည်သည် ၁၉၆၀ မေလတွင် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအ ဖြစ် ခန့်အပ်ခံရပြီး ယင်းနှစ်ဇွန်လ တွင် နီပေါနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးအဖြစ်ပါ ပူးတွဲတာ ၀န်ထမ်းဆောင်ခဲ့သည်။

No comments:

Post a Comment