Pages

Friday, June 28, 2019

မဒါဂတ်စကားတွင် လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲမှာ လူနင်းမှုဖြစ်ပွားသဖြင့် ၁၅ ဦးသေ ၊ ၇၅ ဦး ဒဏ်ရာရ

Image may contain: 1 person, crowd and outdoorမဒါဂတ်စကားနိုင်ငံရဲ့ မြို့တော်တွင် ဇွန် ၂၆ ရက်နေ့တုန်းက စစ်ရေးပြချီတက်ရာ ဘောလုံးကွင်းမှာ လူနင်းမှုဖြစ်ပွားတာကြောင့် လူ ဒါဇင်ကျော်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ အဆိုပါဖြစ်ရပ်ဟာ နိုင်ငံ့ ၅၉ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ရေးပြချီတက်မယ့် မာဟာမာ့စီနာ ဘောလုံးအားကစားရုံမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ထိုမတော်တဆမှုမှာ သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၇၅ ဦးရှိကြောင်းနဲ့ ၄င်းတို့အတွက် ဝမ်းနည်းကြောင်းကို မဒါဂတ်စကားသမ္မတက အတည်ပြု၊ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေရဲ့ ဆေးကုသစရိတ်ကို အစိုးရမှ ကျခံပေးမယ်လို့လည်း ဆိုပါတယ်။


လူနင်းမှုဖြစ်ပွားရခြင်း အကြောင်းအရင်းကို အတိအကျမသိရသေးကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပေမဲ့ မျက်မြင်သက်သေအချို့ကတော့ အာဏာပိုင်တွေက ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်ရာ ဂိတ်ပေါက်ကို တစ်ပေါက်တည်း ဖွင့်ပေးခဲ့တာကြောင့် လူတွေ စုပြုံတိုးဝှေ့ခဲ့ကြောင်း ပြောကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့မှာလည်း မဒါဂတ်စကားနဲ့ဆီနီဂေါတို့ ယှဉ်ပြိုင်ကစားခဲ့စဉ် ၄င်းဘောလုံးကွင်းဂိတ်ပေါက်ဝမှာ အလားတူ လူနင်းမှုဖြစ်ပွားခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

No comments:

Post a Comment