Pages

Sunday, June 23, 2019

စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ ဆက်သွယ်ရေးရုံးအနီး အခမဲ့ Food Box ထားရှိ

စစ်ကိုင်းမြို့၊ပထမဆုံးအဖြစ် လမ်းသွား၊ လမ်းလာ ခရီးသွားများ အဆာပြေ စားသုံးနိုင်ရန် အတွက် မုန့်မျိုးစုံနှင့် အချိုရည်ဗူးများ ပါဝင်မည့် Food Box ကို ယနေ့ (ဇွန်လ ၂၂ ရက်) က စတင်ထားရှိခဲ့ကြောင်း ဦးစီးဆောင်ရွက် သူများထံမှ သိရသည်။ အဆိုပါ Food Box ကို စစ်ကိုင်းမြို့ခံ လူငယ်များက ဦးစီး၍ စေတနာရှင်၊ အလှူရှင်များနှင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နှင့် Food Box ကို စစ်ကိုင်းမြို့ ကမ်းနားလမ်ရှိ ဆက်သွယ်ရေးရုံးအနီးတွင် ထားရှိထားကြောင်း ဦးစီးဆောင်ရွက်သူများထံမှ သိရသည်။


“အခုက Food box ကို အခြားမြို့တွေမှာ လုပ်နေပြီး။ ရှေးက လုပ်ခဲ့တဲ့သူတွေ လုပ်တာကို သဘောကျလို့ လုပ်ဖြစ်တာပါ။ လူတွေကို စည်းကမ်းရှိစေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိစေချင်တယ်။ အလှူရှင် ရှိရင်လည်းရှိပေါ့။ မရှိရင်လည်း ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး လိုအပ်တာတွေ ဝယ်ထည့်ရမှာပါ။ ကျွန်တော်တို့ ဒါကိုရေရှည် လုပ်နိုင်အောင်တော့ ကြိုးစားသွားမယ်” စစ်ကိုင်းမြို့ခံ ကိုပိုင်ဖြိုးသူမှ ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး Food box ကို မန္တလေးမြို့၊ ဝမ်းတူဝမ်း ပြည်သူကူညီရေးအဖွဲ့မှ ကိုဝမ်းမှ ကျူံးအရှေ့ဘက် ၆၆ လမ်း၊၂၂ လမ်းနဲ့ ၂၃ လမ်းကြားတွင် ဇွန်လ ၁၀ ရက်နေ့မှ စတင်ထားရှိခဲ့ကြောင်း၊ လက်ရှိတွင် Food Box များကို မော်လမြိုင်၊ ထားဝယ်၊ မြင်းခြံ၊ မိတ္တီလာ၊ မုံရွာစသည့် မြို့များတွင် ထားရှိလာပြီ ဖြစ်ကြောင်းနှင့် မန္တလေးတွင် ဒုတိယနေရာအဖြစ် Food Box ကို ၆၈ လမ်း၊ လမ်း ၃၀ နှင့် ၃၂ လမ်းကြားတွင် ထားရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment