Pages

Sunday, June 9, 2019

G20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး ဂျပန်နိုင်ငံတွင် ကျင်းပ

ဂျပန်နိုင်ငံမှာ G20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇွန်လ ၈ ရက်နေ့က ပြုလုပ်ပြီး ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားကြီးနိုင်ငံတွေက ဘဏ္ဍာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေက ကမ္ဘာ့ဖွံဖြိုးတိုးတက်မှုအတွက် အဓိက အန္တရာယ်လို့ ရှုမြင်နေချိန်လည်း ဖြစ်ပါတယ်။



အဲဒီအစည်းအဝေးမှာ ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုက အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာ မရေမရာ ရှိနေတာက သတင်းဆိုးပဲလို့ ပြောပါတယ်။

တကယ်လို့ အဲဒီပြဿနာကို မဖြေရှင်းနိုင်ရင် ဈေးကွက် ယုံကြည်မှုအပေါ် ထိခိုက်နိုင်တဲ့ စိုးရိမ်ပူပန်မှုရှိပြီး အဲဒါဟာ ပြသနာတရပ် ဖြစ်တယ်လို့ တာရိုအာဆိုက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးဟာ ကျဆင်းမယ့် အန္တရာယ်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတကြောင့်၊ ဒါပေမယ့် ဒီနှစ်ဝက်နောက်ပိုင်းကနေ နောင်နှစ်ကို ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာမယ့် အခြေအနေရှိတယ်လို့ သူက ဆက်ပြောခဲ့တယ်။

အဲဒီ ၂ ရက်ကြာ G20 အစည်းအဝေးကို ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာမြို့မှာ ပြုလုပ်နေတာပါ။ ဇွန်လ ၂၈ ကနေ ၂၉ အတွင်း အိုဆာကာမြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ဒီအစည်းဝေးဟာ အုတ်မြစ်ချပေးမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment