Pages

Tuesday, June 18, 2019

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်တွင် အစိုးရအဖွဲ့၏လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန်ခွင့်ပြုထားကြောင်း ဘဏ္ဍဍာရေးကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်တွင် အစိုးရအဖွဲ့၏ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန်ခွင့်ပြုထားကြောင်း  ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းတွင် ကျင်းပသည့် ဘဏ္ဍဍာရေးကော်မရှင် (၃/ ၂၀၁၉) အစည်းအဝေး၌ ဘဏ္ဍဍာရေးကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ယခု အစိုးရသက်တမ်းကာလအတွင်းတွင် ယခုဆိုလျှင် ဘဏ္ဍဍာရေးနှစ် လေးနှစ်ရှိလာပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍဍာရေးနှစ်များက အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီးလာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာ ရေးနှစ်အတွက် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများကို နှစ်စဉ်ခွဲဝေပေးသည့် အသုံးစရိတ်များသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိရောက်စွာ အကျိုးပြုရန်လိုကြောင်း၊ ယင်းအသုံးစရိတ်များသည် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ကဏ္ဍဍအလိုက် ဒေသအလိုက် စီမံကိန်းများ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ပါဝင်သည့် မဟာဗျူဟာမြောက် စီမံကိန်းများကို ထင်ဟပ်ပေါ်လွင်စေရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ခွဲဝေပေးသည့် အသုံးစရိတ်များကို ရုံးချုပ်က ချုပ်ကိုင်ထားခြင်းမျိုးမဖြစ်စေဘဲ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် စနစ်ကျသည့် အသုံးစရိတ်စီမံခန့်ခွဲမှုစနစ်ဖြင့် သက်ဆိုင်ရာလက်အောက် ရုံးခွဲအဆင့်ဆင့်ကို လုပ်ပိုင်ခွင့် အပ်နှင်းခွဲဝေပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။


ထို့ပြင် လျာထားသည့် အသုံးစရိတ်နှင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ် နီးစပ်မှုရှိသင့်ကြောင်းနှင့် ပိုလျှံငွေပြန်အပ်မှုများ ပြားခြင်းသည် ဘတ်ဂျက်လျာထားမှု စွမ်းရည်အားနည်းသည်ကို ပြသနေခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြော ကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ်တွင် အစိုးရအဖွဲ့၏ လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက်ကျော်လွန် ခွင့်ပြုထားပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ပြည်သူများကို ချက်ချင်းလက်ငင်းအကျိုးဖြစ်ထွန်းစေမည့် အသုံးစရိတ်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကာ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း ယခင်နှစ်များထက်များစွာ ပိုမိုသုံးစွဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများရှိသည့် ဌာနများအနေဖြင့် ဘဏ္ဍဍာရေးနှစ်အတွင်း အမှန်တကယ်ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းရေးဆွဲရန်နှင့် ပြည်ပအကူအညီ အထောက်အပံ့များကို အချိန်ဇယားနှင့်အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အတွက် အလေအလွင့်မဖြစ်အောင် သုံးစွဲရန်လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ခုနစ်ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပြီး ယင်းရည်မှန်းချက်ရရှိရန် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေ သုံးစွဲနိုင်မှုသည် အရေးပါသည့် အခန်းကဏ္ဍဍတွင်ရှိပါကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။ 

No comments:

Post a Comment