ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တို့မှ လူ ၃ ဦး H1N1 ၀က်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ သတင်းထုတ်ပြန်သည်။ စမ်းချောင်း၊ ရန်ကင်းလမ်းမှ အသက် ၆၀ အရွယ် အမျိုးသား၊ ကော့မှူးမြို့နယ်တွင် အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်း ၊ ယုဇနဥယျာဉ်မြို့တော်နေထိုင်သော အသက် ၃၀ ကျော်အရွယ် အမျိုးသား တို့ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် စောင့်ကြည့်နေရသော သံသယရှိ လူနာများရှိနေကြောင်း သိရှိရသည်။
No comments:
Post a Comment