Pages

Saturday, June 29, 2019

တက္ကသိုလ်ကျောင်းလခကို KBZ Pay ဖြင့် ပေးသွင်းနိုင်

တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်များတွင် ကျောင်း လခပေးသွင်းခြင်းကို KBZ Pay ဖြင့် ဆောင်ရွက်နိုင်ပြီး ကျောင်း တည်ရှိရာ နယ်မြေရှိ ကမ္ဘောဇ ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက် ရန် ပညာရေးဝန်ကြီးဌာန အဆင့် မြင့်ပညာဦးစီးဌာနက ဇွန်လ ၂၇ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ် ထားသည်။ KBZ Pay ဖြင့် ကျောင်းလခ ပေးသွင်းခြင်းကြောင့် ငွေစက္ကူ အတုကိစ္စနှင့်ပတ်သက်၍ ပူပန်ရန် မလိုတော့ခြင်း၊ စာသင်ချိန်ဖျက်၍ ငွေသွင်းရန် မလိုတော့ခြင်း၊ ငွေအကြွေပြန်အမ်းရသည့် အခက်အခဲ အဆင်ပြေခြင်း၊ အဝေးသင်တက္က သိုလ်များတွင် ဖြစ်လေ့ဖြစ်ထရှိ သော ဝန်ဆောင်ခပေး၍ ကျောင်း အပ်ရခြင်းများ လျှော့ချနိုင်ခြင်း၊ ကျောင်းသားများ၏ကျောင်းလခ ပေးသွင်းပမာဏအတိအကျကို တက္ကသိုလ်၏ ဘဏ်အကောင့် တွင် Web Portal မှတစ်ဆင့် ကြည့်ရှုစစ်ဆေးနိုင်သဖြင့် ပွင့်လင်းမြင် သာမှုရှိပြီး ငွေကြေးနှင့်ပတ်သက် သော အရှုပ်အရှင်းအများစုကို လျှော့ချနိုင်ခြင်း
၊ နေ့စဉ်စာရင်း ပေါင်းချုပ် (Excel Sheet)ကို WebPortal မှ တိုက်ရိုက်ဒေါင်းလုတ် ဆွဲကာ စာရင်းပိတ်နိုင်ခြင်း၊ အချိန် ကုန်သက်သာသည့်အပြင် အမှားအယွင်းရှိလျှင် ပြန်လည်စစ်ဆေး ရာ၌ လွယ်ကူအဆင်ပြေခြင်း အ ကျိုးကျေးဇူးများ ရနိုင်သည်ဟု ထိုညွှန်ကြားစာတွင် ဖော်ပြထား သည်။အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်ခုနစ်ခုတွင် ကျောင်းလခပေးချေခြင်းကို KBZ Pay ဖြင့် ဆောင်ရွက်နေပြီး တက္က သိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အားလုံးတွင် အဆင်ပြေပါက E-payment စနစ်ကို အသုံးပြုရန် အဆင့်မြင့်ပညာဦးစီးဌာနက အ ကြံပြုခြင်းဖြစ်သည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြော သည်။

‘‘ကျွန်တော်တို့က E-pay-ment System ကို ပြောင်းချင် တာ။ ပါမောက္ခချုပ်တချို့၊ ကမ္ဘောဇဘဏ်တို့နဲ့ အခု ဆွေးနွေးနေ တာ။ ဖြစ်နိုင်မယ်ဆိုရင် တက္က သိုလ်အားလုံး E-Payment စနစ်ကို ပြောင်းဖို့ အကြံပြုတာ ပါ’’ဟု ဒေါက်တာသိန်းဝင်းကဆို သည်။ ပြည်တက္ကသိုလ်တွင် ယခုKBZ Pay ကို အသုံးပြုနေပြီး ကျပ် တစ်သောင်းတန်အတုကိစ္စနှင့် အ ကြွေကိစ္စအဆင်ပြေသွားကြောင်း  ပြည်တက္ကသိုလ်တာဝန်ခံပါမော က္ခချုပ် ဒေါက်တာအောင်အောင် မင်းက ပြောသည်။

‘‘ဟိုတစ်လောက တစ် သောင်းတန်အတုကိစ္စ တော် တော်ဖြစ်တုန်းက အတုတွေမိ တယ်။ ကျွန်တော့်ငွေကိုင်ဝန်ထမ်း က အတု၊ အစစ်မခွဲတတ်ဘူး။ ငွေအတု၊ အစစ်ခွဲတဲ့စက်ကို ဝယ် ရတယ်။ ငါးထောင်တန်၊ တစ် သောင်းတန်တွေဆို တစ်ရွက်ချင်း စစ်ရတယ်။ လျော်ရတာတွေရော၊ အချိန်ကုန်တာတွေရောကြောင့် KBZ Pay ကို လက်ခံလိုက်တာ။ ကျွန်တော်တို့ကျောင်းတွေတော့ လုပ်ပြီးပြီ။ ကျန်တဲ့ကျောင်းတွေ လည်း အဲဒီလိုအရှုပ်အရှင်းရှိတဲ့ အတွက် လုပ်ကြပါလို့ စာထုတ် ထားတာ’’ဟု ဒေါက်တာအောင် အောင်မင်းက ဆိုသည်။ လက်ရှိတွင် ပြည်တက္က သိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်ခုနစ်ခုတွင် ကျောင်းလခပေးသွင်းခြင်းကို KBZ Pay ဖြင့် ဆောင်ရွက်နေ သည်ဟု ဆိုသည်။

No comments:

Post a Comment