ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်း ရပ်ကွက် နေ ဒေါ်စန်းမေ(ဘ)ဦးအယ်ကျောက်သည် ဒေါ်ခင်ရီ၊ ဒေါ်မစိန်တို့နှင့်အတူ ဇွန်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တောထဲသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် မိုင်းနောင်ကျေးရွာ၏ အနောက်ဘက် မီတာ ၅၅ဝဝ ခန့် အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟောင်း တစ်လုံးအား ဒေါ်စန်းမေမှ တိုက်မိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား မြစ်ကြီးနားမြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားပါသည်။
No comments:
Post a Comment