Pages
Saturday, June 29, 2019
ဝန်ကြီးဌာနသစ်ဖွဲ့မည့်အပေါ် ရခိုင်လွှတ်တော်က ပယ်ချသည်မှာ မသင့်လျော်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်ပြော ဘတ်ဂျက်အလေအလွင့်မရှိရန်နှင့် မှတ်ပုံတင်ကိစ္စ မရှုပ်ထွေးစေရန်ဟုဆို
သမ္မတအဆိုပြုထား သည့် ၀န်ကြီးဌာနသစ်တစ်ခု ထပ် တိုးဖွဲ့မည့်ကိစ္စအပေါ် ရခိုင်လွှတ် တော်က ပယ်ချသည်မှာ မသင့် လျော်ကြောင်း အာဏာရပါတီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကပြောသည်။  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းမည့် အစီအစဉ်နှင့်ပတ်သက်၍ ဇွန်လ ၂၆ ရက် ရခိုင်ပြည်နယ်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲအရေအတွက် နည်းသဖြင့် ယင်းအစီအစဉ်ကို ပယ်ချခဲ့သည်။
 ယင်းဌာနသစ် တိုးချဲ့ဖွဲ့ စည်းပြီး ၀န်ကြီးအသစ်တစ်ဦး ခန့် အပ်မည်ဆိုပါက ဘင်္ဂါလီအရေး ကိစ္စအပါအ၀င် လူမှုရေးကိစ္စများ တွင် ရှုပ်ထွေးလာနိုင်သဖြင့် လွှတ် တော်ကိုယ်စားလှယ်များက  ကန့်ကွက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားထားသည်။
ယင်းအပေါ် ဒေါက်တာမျိုး ညွန့်က ‘‘သူတို့ရဲ့ အကြောင်းပြ ချက်ကတော့ ရှုပ်ထွေးမှုဖြစ်လိမ့်  မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချတယ်လို့ ယူဆပါတယ်။ အဲဒါက ဒီအကြောင်းပြချက်က တော့ မသင့်လျော်ဘူးလို့ ယူဆပါ တယ်’’ဟုဆိုသည်။
အဆိုပါဝန်ကြီးဌာနကို ရခိုင် ပြည်နယ်အပါအ၀င် ပြည်နယ်နှင့်  တိုင်းအားလုံးတွင် တိုးချဲ့ဖွဲ့စည်း ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် က သက်ဆိုင်ရာလွှတ်တော်အား လုံးသို့ သ၀ဏ်လွှာပေးပို့ပြီး လွှတ်တော်အချို့တွင် အတည်ပြုထားပြီးဖြစ်သည်။
ထိုသို့ ၀န်ကြီးဌာနသစ်တိုးဖွဲ့ ခြင်းသည် မြန်မာတိုင်းရင်းသား တစ်ခုတည်း အကျိုးအတွက် ရည် ရွယ်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပြည်ထောင်စု အကျိုးအတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။
‘‘လောလောဆယ် တိုင်းရင်း သားဖြစ်မှုပေါ့လေ။ နိုင်ငံသားဖြစ် မှုပြဿနာ၊ မြန်မာနိုင်ငံမှာ အ ကြီးအကျယ် ရင်ဆိုင်နေရတဲ့ဟာ ကို ထိထိရာက်ရောက် ကိုင်တွယ် ဖို့ ယူဆတဲ့အတွက်ကြောင့် ပြည် ထောင်စု အစိုးရကနေပြီးတော့ ၀န်ကြီးဌာနတစ်ခုတိုးချဲ့ဖို့ ဆုံး ဖြတ်လိုက်တာဖြစ်တယ်’’ဟု ၎င်း ကဆိုသည်။
ရခိုင်ပြည်နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် သက်ဆိုင်သည့် ပြဿနာများစွာရှိပြီး ထိုပြဿနာများကြောင့် ရခိုင်တိုင်းရင်းသားများ ခရီးသွားလာရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း၊ ယခုဌာနသစ် ဖွဲ့မည်ဆိုပါက ပြေလည်နိုင်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အ တွင်း လှုပ်ရှားနေသည့် ရခိုင်လက်  နက်ကိုင်အဖွဲ့ (AA) နှင့် ပတ် သက်၍ အရပ်သားပြည်သူနှင့် AA အဖွဲ့ဝင် ခွဲခြားသည့်အခါ တွင် ထိုဝန်ကြီးဌာနကအထောက် အကူပြုမည်ဟု ၎င်းကဆိုသည်။
ထိုဌာနအသစ်ကို ဖွဲ့စည်းပြီး ၀န်ကြီးတစ်ဦး ထပ်ခန့်မည်ဆိုပါ က ယင်းဝန်ကြီးအတွက် လစာ၊ အယောင်အဆောင်များ ပေးရ မည်ဖြစ်၍ ဘတ်ဂျက်အလေအ လွင့်မရှိစေရန် မခန့်သင့်ကြောင်း  ကန့်ကွက်ခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန သစ်ကို ကရင်၊ တနင်္သာရီ၊ ချင်း၊  စစ်ကိုင်း စသည့် ပြည်နယ်၊ တိုင်း များတွင် ဖွဲ့စည်းပြီးဖြစ်သည်။အစိုးရသစ် သက်တမ်းသုံးနှစ်ကျော် အတွင်း ပထမဆုံးအကြိမ်  တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် တိုးချဲ့ဖွဲ့စည်းသည့် ဌာနတစ်ခုဖြစ်သည်။
No comments:
Post a Comment