Pages

Wednesday, July 10, 2019

သန်လျင်၌ ယာဉ်တိုက်မှုဖြစ်ပွား အမည်မသိ အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁၀) သစ်စက်လမ်း၌ ဇူလိုင် ၉ ရက် ၀၁း၃၀ အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ အမည်မသိအမျိုးသားတစ်ဥိး သေဆုံးခဲ့ကြောင်း သန်လျင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ အမှတ် (၁၀) သစ်စက်လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် ယာဉ်အမျိုးအစား (စုံစမ်းဆဲ) ယာဉ်သည် ကုလားဘုရားကျောင်းအနီးအရောက် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသူ အမည်မသိ (စုံစမ်းဆဲ) အသက် (၅၀) နှစ်ခန့် အမျိုးသားအား ဝင်ရောက်တိုက်မိရာ အမည်မသိ အမျိုးသားတွင် ဘယ်၊ ညာ လက်မောင်းကျိုး၊ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment