Pages

Sunday, July 7, 2019

ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်အကြီးအကဲအဖြစ် ကတိသစ္စာပြုမည်

 မြန်မာနိုင်ငံကင်း ထောက်အဖွဲ့ချုပ်၏ ကင်း ထောက်အကြီးအကဲအဖြစ် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် ကတိသစ္စာ ပြုမည်ဟု မြန်မာနိုင်ငံကင်း ထောက်အမျိုးသမီးအဖွဲ့ ကင်း ထောက်ချုပ် ဒေါက်တာတင်လှ ကြည်က ပြောသည်။ ကင်းထောက်အကြီးအကဲ အဖြစ် ကတိသစ္စာပြုပွဲကို ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရန်စီစဉ် နေသည်ဟု ၎င်းကဆိုသည်။



‘‘ဒေါ်အောင်ဆန်းစုကြည် ဟာ ကင်းထောက်ဖြစ်ခဲ့တယ်။ ကင်းထောက်အဖွဲ့မှာက တစ်ခါ ကင်းထောက်ဆိုရင် တစ်သက် လုံးကင်းထောက်ပဲ။ အခုကတော့ သူက နိုင်ငံတော်အကြီးအကဲဆို တော့ ကင်းထောက်စည်းမျဉ်း စည်းကမ်းအရ ကင်းထောက်အ ဖွဲ့ရဲ့ အကြီးအကဲအဖြစ်ကတိပြု မှာပါ’’ ဟု ဒေါက်တာတင်လှကြည် က ဆိုသည်။

ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမ၌ ၂၀၁၆ ဒီဇင်ဘာက ကျင်း ပသည့်မြန်မာကင်းထောက်ရာ ပြည့်အထိမ်းအမှတ်အခမ်းအနား သို့လည်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ကင်းထောက်အဖွဲ့ဝင်အဖြစ် တက်ရောက်ဖူးသည်။

မြန်မာနိုင်ငံ၌ ကင်းထောက် လုပ်ငန်းများရပ်နားထားရာမှ ၂၀၁၂ ဒီဇင်ဘာတွင် ပညာရေး ၀န်ကြီးဌာနက ဦးဆောင်ပြီးအခြေ ခံပညာကျောင်း ၂၀ ၌ အင်အား ၂,၀၀၀ ဖြင့် ပြန်လည်ဖွဲ့စည်း ခဲ့သည်။ ကင်းထောက်လှုပ် ရှားမှုများ ပြန်လည်စတင်ပြီး နောက် ဦးသိန်းစိန်အစိုးရလက် ထက်တွင် သမ္မတဦးသိန်းစိန်က ကင်းထောက်နာယကအဖြစ် တာ ၀န်ယူခဲ့သည်။ ၂၀၁၆ ဩဂုတ် ၁၁ ရက် တွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် ၁၆၃ နိုင်ငံက မြန်မာကင်းထောက် အဖွဲ့ကို အဖွဲ့ဝင်အဖြစ် ကန့် ကွက်သူမရှိ အတည်ပြုထားပြီး လက်ရှိ၌ တက္ကသိုလ်၊ ကော လိပ်များ၊ အခြေခံပညာကျောင်း များနှင့် ရပ်ရွာအခြေပြုကင်း ထောက်အဖွဲ့ဝင် မောင်မယ်တစ် သိန်းခန့်ရှိသည်။

No comments:

Post a Comment