Pages

Wednesday, July 10, 2019

ပုဂံရှိ ဟိုတယ်များ ရွှေ့ရမည်ဟု လှုံ့ဆော်နေသူများကို သူရဦးအောင်ကိုတုံ့ပြန်

 ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ ဟိုတယ်များနှင့် အ ဆောက်အအုံများ ရွှေ့ပြောင်းပေးရမည်မဟုတ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားသည်။ ဟိုတယ်နှင့် အဆောက်အအုံများ ရွှေ့ပြောင်းပေးရမည်ဟု ပြောဆို လှုံ့ဆော်နေသည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်မှုကို မလိုလားသူ များဖြစ်ကြောင်း ၎င်းက ဆိုသည်။



ပုဂံဒေသ ကမ္ဘာ့အမွေအ နှစ် စာရင်းဝင်ပြီးနောက် ၂၀၂၈ တွင် ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဟို တယ်များ ရွှေ့ပြောင်းပေးရမည် ဟု သတင်းထွက်ပေါ်နေ၍ 7Day Daily သတင်းစာက  ဝန်ကြီးသူရဦးအောင်ကိုအား ယမန်နေ့ က မေးမြန်းစဉ် ထိုသို့ ပြောကြား ခြင်းဖြစ်သည်။

‘‘ပုဂံကို ယူနက်စကိုရဲ့ အ ဆင့်အတန်းရသွားတဲ့အခါကျ တော့ ဟိုတယ်တွေရွှေ့ရမယ်။ တခြားစီးပွားရေးလုပ်ငန်းတွေ ရွှေ့ရမယ်ဆိုပြီးတော့မှ သတင်းထွက်လာပါတယ်။ တစ်ပြိုင်နက်တည်း မှာပဲ ဒါက ပုဂံဒေသ ကမ္ဘာ့အမွေ အနှစ်ဖြစ်မှုကို မလိုလားတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကနေ ပြီးမှ လှုံ့ဆော်တဲ့သတင်း၊ ဖွတဲ့ သတင်းတွေ ဖြစ်ပါတယ်။ မလိုလားအပ်သူတွေရဲ့ အနှောင့်အ ယှက်ပေးတဲ့ သတင်းတွေ ဖြစ်ပါ တယ်။ အဲဒီမှာ လုပ်ငန်းရှင်တော် တော်များများက ဆက်သွယ် မေးမြန်းကြပါတယ်။ တောက် လျှောက် နေ့တိုင်းဖြေနေရပါတယ်’’ဟု ဝန်ကြီးက ပြောသည်။ 

ထို့အပြင် ‘‘ကျွန်တော်လည်း တခြားသတင်းမီဒီယာတွေကို ဖြေခဲ့ပြီးပါပြီ။ ဆောက်လုပ်ပြီးသား  ဟိုတယ်လုပ်ငန်းတွေ၊ ဆောက် လက်စ ဟိုတယ်၊ မိုတယ်တွေ တစ်ခုမှ ရွှေ့ဖို့မရှိပါဘူး။ ပြီးအောင်ဆက်ဆောက်ပါ။ သို့သော် အသစ်ဆောက်ဖို့တင်ထားတဲ့ ဟိုတယ် တွေသည် ဟိုတယ်ဇုန်မှာပဲ ဆောက်ရမှာဖြစ်ပါတယ်’’ ဟု ဝန်ကြီးက ဆက်လက်ပြောသည်။
သို့သော် ယဉ်ကျေးမှုနယ်မြေအတွင်း တည်ဆောက်ထားသော ဟိုတယ်များ ရွှေ့ပြောင်းပေးရ မည်ကို ဟိုတယ်ပိုင်ရှင်များက စိုးရိမ်နေသည်။ လက်ရှိ ပုဂံဒေသ တွင် ဟိုတယ် ၁၄၁ လုံးရှိပြီး ၆၈ လုံးသည် ယဉ်ကျေးမှုနယ်မြေအ တွင်း ရှိနေသည်။ အချို့ဟိုတယ်ဝင်းအတွင်း စေတီပုထိုးများရှိ သည့်အပေါ် ဝေဖန်မှုများရှိနေ သည်။‘‘ဘယ်ဟိုတယ်ဝင်းထဲမှာ ဘုရားတွေ ဘယ်လောက်ရှိတယ်ဆိုတာ အရင်ပို့စ်အဟောင်းတွေ ကို ခုမှ ပြန်ဖြန့်နေကြတယ်။ ဟိုတယ်တွေ ရွှေ့ပေးရမှာတော့ စိတ်ပူမိတယ်’’ဟု ပုဂံယဉ်ကျေးမှု နယ်မြေရှိ နာမည်ကြီး ဟိုတယ် တစ်ခုမှ မန်နေဂျာတစ်ဦးက ပြော သည်။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ပြီးနောက်ပိုင်း  ပုဂံ ဒေသရှိ ဟိုတယ်များ ရွှေ့ပြောင်း ပေးရမည်ဟု သတင်းများ ထွက် ပေါ်ခဲ့သည်။

No comments:

Post a Comment