Pages

Monday, July 1, 2019

အစိုးရက ပိုမိုသည်းခံရန်လိုဟု ဟောင်ကောင်အကြီးအကဲ ပြော

ဟောင်ကောင်ကျွန်းကို ဗြိတိန်က တရုတ်ပြည်မကြီးလက်ထဲ ပြန်လွှဲပေးခဲ့တဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အလံတင်အခမ်းအနားမှာ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ဟာ လူထုရှေ့ကို ထွက်လာပါတယ်။ “အရင်လက အစိုးရအရာရှိတွေနဲ့ ပြည်သူတွေကြား လူမှုရေး ခြားနားချက်တွေရှိခဲ့တယ်၊ အစိုးရဟာ ပိုသည်းခံဖို့လိုတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့တယ်” လို့ ကယ်ရီလမ်က မှတ်ချက်ပြု ပြောဆိုပါတယ်။ေ ဟာင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာ သေချာစေရေး သဘောတူညီချက်နဲ့ ဗြိတိန်က တရုတ်ပြည်မကြီး လက်အောက်ကို ပြန်လွှဲပေးခဲ့တာပါ။



လတ်တလော နှစ်တွေအတွင်း ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်ရေးတွေ တိုက်စားခံရပြီး တရုတ်ပြည်မကြီးက ဝင်ရောက်စွက်ဖက်မှုတိုးနေတယ်လို့ ဒေသခံတွေအများအပြားက ရှုမြင်နေကြတယ်။

မျှော်လင့်ချက်ကင်းမဲ့တဲ့ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရတယ်လို့ မီဒီယာတွေက ရေးပါတယ်။

အဆင့်မြင့်အရာရှိတွေနဲ့အတူ ဟောင်ကောင်အကြီးအကဲက နှစ်ပတ်လည်အခမ်းအနားကို ကျင်းပနေချိန်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက အခမ်းအနားကျင်းပရာနေရာ အပြင်ဘက်မှာ စုရုံးခဲ့ကြပါတယ်။

ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ ငရုတ်ကောင်းရည်တွေနဲ့ ဖြန်းပက်ခဲ့ပါတယ်။ တရုတ်ပြည်မကြီးက သံသယ ရှိသူတွေကို ပြည်မကြီးမှာ တရားစီရင်နိုင်ဖို့ ဟောင်ကောင်ကနေ ပြည်မကြီးဆီကို လွှဲပေးခွင့်ပြုမယ့် ဥပဒေ မူကြမ်းကို ဟောင်ကောင်သားတွေ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြတာပါ။

ဟောင်ကောင်သမိုင်းမှာ အကြီးဆုံးနဲ့ အကြမ်းဖက်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့အပြီး အစိုးရက ဥပဒေမူကြမ်းကို အတည်မပြုသေးဘဲ ဆိုင်းငံ့ထားပါတယ်။

No comments:

Post a Comment