Pages

Tuesday, July 2, 2019

နျူကလီးယားစဘောတူစာချုပ်အရ ကန့်သတ်ထားတဲ့ပမာဏထက် အီရန်မှာ ယူရေနီယမ်ပိုများနေတယ်လို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအတည်ပြု

၂၀၁၅ ခုနှစ်က အီရန်နဲ့အမေရိကန်အပါအဝင်ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့အဖွဲ့အစည်းတွေကြားချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူစာချုပ် JCPOAကကန့်သတ်ထားတဲ့ပမာဏထက် အီရန်နိုင်ငံမှာ ယူရေနီယမ်ပမာဏပိုများနေတယ်လို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEAကအတည်ပြုပါတယ်။ ကန့်သတ်ချက်ထားတဲ့ယူရေနီယမ်အလေးချိန်ပေါင် ၆၆၀ ထက် အီရန်မှာပိုများနေတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေကတွေ့ခဲ့ရတယ်ဆိုပြီး IAEAက ထုတ်ပြောတာပါ။ ယူရေနီယမ်ဟာ နျူကလီးယာဓာတ်ပေါင်းဖိုအတွက် စွမ်းအင်ပေးနိုင်ရုံသာမက နျူကလီးယားဗုံးလုပ်ရာမှာပါသုံးနိုင်ပါတယ်။ အီရန်က ယူရေနီယမ်ထုတ်လုပ်မှုကို မေလကစပြီးပြန်မြှင့်တင်ခဲ့တာပါ။



၂၀၁၈ ခုနှစ် မေလမှာ JCPOAကနေ အမေရိကန်နုတ်ထွက်ခဲ့ပြီးတဲ့နောက် ပိတ်ဆို့မှုတွေပြန်လုပ်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို တုံ့ပြန်တဲ့အနေနဲ့ တိုးမြှင့်ထုတ်လုပ်တာလို့ အီရန်က ပြောပါတယ်။

ဗြိတိန်နဲ့ဂျာမနီတို့က ဆုံးဖြတ်ချက်ကို နောက်ပြန်စဉ်းစားဖို့ ပြောနေသလို အမေရိကန်ကတော့ အီရန်ကို အမြင့်ဆုံးဖိအားတွေထပ်ပေးသွားမယ့်မဟာဗျူဟာကို အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြောပါတယ်။

စာချုပ်ကိုချိုးဖောက်ရင် နောက်ဆက်တွဲတွေရှိလာနိုင်တယ်လို့ စာချုပ်မှာပါဝင်တဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက သတိပေးနေကြပြီး သဘောတူညီချက်အရ အီရန်က စာချုပ်ကိုချိုးဖောက်မယ်ဆိုရင် ပြန်ရုတ်သိမ်းထားတဲ့ပိတ်ဆို့မှုတွေပြန်ချမှတ်လို့ရပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို ပိုင်နက်ထဲကျူးကျော်လာတယ်လို့ဆိုပြီး အီရန်က ဟော်မုဇ်ပင်လယ်ကွေ့မှာပစ်ချခဲ့သလို ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာအီရန်ရှိနေတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်နေချိန်မှာ အီရန်မှာ ကန့်သတ်ပမာဏထက် ယူရေနီယမ်ပိုများနေတယ်ဆိုတဲ့အတည်ပြုချင်ထွက်လာတာပါ။

No comments:

Post a Comment