Pages

Tuesday, July 2, 2019

ထားဝယ်လေယာဉ်ကွင်းချုံရှင်းခ ဖော်ထုတ်ခဲ့သည့်အမတ်ကို တိုင်းအစိုးရ၀န်ကြီးအဖြစ် တနင်္သာရီလွှတ်တော်အတည်ပြု

စာရင်းစစ်ချုပ်အစီရင်ခံစာပါ ကျပ်သိန်း ၄,၀၀၀ တန် ထားဝယ် လေယာဉ်ကွင်းချုံရှင်းခကိစ္စ တိုင်းလွှတ်တော်၌ ဖော်ထုတ်ဆွေးနွေးခဲ့ သည့် ပုလောအမတ် ဦးကျော်မင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးအဖြစ် ယမန်နေ့တိုင်းလွှတ်တော်အစည်းအဝေး တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ဇူလိုင် ၁ ရက်က ကျင်းပသော တနင်္သာရီတိုင်း လွှတ်တော် အစည်း အဝေးတွင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပုလောမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုး မင်းကို ၀န်ကြီးခန့်အပ်လိုကြောင်း လွှတ်တော်သို့အမည်စာရင်းပေးပို့ခဲ့ ခြင်းဖြစ်သည်။



အသက် (၅၄) အရွယ်ဦး ကျော်မင်းသည် တနင်္သာရီတိုင်း လွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပုလောမြို့နယ်အလုပ်အ မှုဆောင်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် သည်။

ဦးကျော်မင်းသည်ဝန်ကြီး ချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်  ကို အဂတိကော်မရှင်ကတရားစွဲ ထားသည့် အမှုလေးမှုတွင် ပါဝင် သောကျပ်သိန်း ၄,၀၀၀ တန်လေ ယာဉ်ကွင်းချုံရှင်းခကိစ္စကို တိုင်း လွှတ်တော်အစည်းအဝေး၌ ဖော် ထုတ်ဆွေးနွေးခဲ့သည့် တိုင်းလွှတ် တော်ကိုယ်စားလှယ်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့ စွမ်းအား အရင်းအမြစ်ဝန်ကြီး တာဝန်ပေးခံရသော ဦးကျော်   မင်းက ‘‘ပေးတဲ့တာဝန်ကို ကျေ ပွန်အောင် ထမ်းဆောင်သွားပါ မယ်လို့ပြောချင်တယ်’’ ဟု ပြော သည်။

တနင်္သာရီတိုင်းလွှတ်တော်  ကိုယ်စားလှယ်ဦးရဲမြင့်ဆွေက လည်း ‘‘သဘောကျပါတယ်။ ဦး ကျော်မင်းကလည်း လွှတ်တော် ကိုယ်စားတွေနဲ့လည်း အများကြီး တွဲလုပ်ခဲ့သူဖြစ်တယ်။ ပြီးတော့  ကော်မတီတာဝန်တွေကိုလည်း   ကျေပွန်စွာ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်’’ ဟု ပုလောအမတ်ဦးကျော်မင်းကို  အသစ်တိုးချဲ့ ဖွဲ့စည်းသည့် လူ ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ပေးသည့် အပေါ် မှတ်ချက်ပြုပြောသည်။

လက်ရှိနိုင်ငံတော်သမ္မတက  အဆိုပြုသည့် လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းမြစ်  ၀န်ကြီးဌာနအသစ်ကို ရခိုင်ပြည် နယ်မှလွဲ၍ ကျန်တိုင်းနှင့် ပြည် နယ်အစိုးရအဖွဲ့အသီးသီးတွင်ဖွဲ့  စည်းနေပြီဖြစ်သည်။
တိုင်းနှင့် ပြည်နယ်အသီးသီး  တွင် အဆိုပါဝန်ကြီးဌာနအသစ် ဖွဲ့စည်းရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုဖန်တီးပေး နိုင်ရန်၊ ရွှေ့ပြောင်းလုပ်သားများ နှင့် ပြောင်းရွှေ့နေထိုင်သူများ ဆန္ဒမဲပေးရာတွင် ယခင်ထက်ပိုမို အဆင်ပြေချော့မွေ့စေရန် ရည် ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒု တိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော် မြင့်မောင်က ပြောကြားထား သည်။

No comments:

Post a Comment