Pages

Sunday, July 7, 2019

မကြာမီ ကစားသမားအချို့ ထပ်ခေါ်မည်ဟု မန်ယူနည်းပြဆိုးလ်ရှား ပြောကြား

 ခရစ္စတယ်ပဲလေစ့် နောက်ခံလူ အာရွန်ဝန်ဘီဆာကာ ကို ပေါင်သန်း ၅၀ ဖြင့်လည်းကောင်း၊ ဆွမ်ဆီး တောင်ပံက စားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပေါင် ၁၇ သန်းဖြင့်လည်းကောင်း ခေါ်ယူထားပြီးနောက် မန်ယူ၏ယခုနွေရာသီကစားသမားသစ် ခေါ်ယူမှုပြီးဆုံးခြင်း မရှိသေးဟု မန်ယူနည်းပြ ဆိုးလ်ရှားက ပြောသည်။ မန်ယူက လက်စတာနောက်ခံလူဟယ်ရီမာဂူရီနှင့် နယူးကာဆယ်ကွင်းလယ်လူ ရှောင်လောင်း စတပ်ဖ်တို့ကို ခေါ်ယူမည်ဟု သတင်းထွက်နေစဉ် ဆိုးလ်ရှားသည် ကစားသမားသစ်များ ထပ်မံခေါ် ယူရေးအသင်း၏ ငွေကြေးပံ့ပိုးမှု အပြည့်အဝရရှိထားသည်။



မန်ယူက ပေါ်တူဂီကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်းများက ဖော်ပြနေပြီး ၎င်းအတွက်ပေါင်သန်း ၇၀ ပေးရဖွယ်ရှိသည်။

‘‘အခုထိ ကစားသမားသစ် ခေါ်ယူမှုတွေက အရမ်းအခြေအနေ ကောင်းနေတယ်လို့ ကျွန်တော်ပြောရပါမယ်။ ကျွန်တော် ထောက်ခံမှုရထားပြီးတော့ လိုချင်တဲ့လူတွေကို ရထားပါတယ်’’ ဟု ဆိုးလ်ရှားကပြောပြီး ယခုနွေရာသီတွင် ကစားသမားအသစ် ဝယ်ယူမှုအချို့ရှိဦးမည်ဟု ပြောသည်။

မန်ယူက ဟွန်မာတာ၊ ရက်ခ်ျဖို့ဒ်၊ အယ်လ်ကွန်ဇီဘီနှင့် အန်ဒရီယပ်စ်ပါရဲရားတို့ကို မကြာမီက စာချုပ်သက်တမ်းတိုးထားသည်။ သို့သော် ဘယ်လ်ဂျီ ယံတိုက်စစ်မှူး လူကာကူနှင့် ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာတို့ မန်ယူမှထွက်ခွာမည်ဟု သတင်း ထွက်ပေါ်နေသည်။ ဆိုးလ်ရှားက မိမိတို့အသင်းတွင် ရေရှည်နှင့်ရေတိုအစီအစဉ်များရှိကြောင်း၊ အသင်းတိုးတက်ရေး အမြဲစဉ်းစားလုပ်ဆောင်နေကြောင်း ပရိသတ်များအားအသေအချာပြောကြားလိုကြောင်း ပြောသည်။

No comments:

Post a Comment