Pages

Tuesday, July 2, 2019

အယူခံနိုင်၍ ထောင်မှလွတ်လာသော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းဘက်ကလွှဲပြောင်းပေး

Image may contain: 3 people, people standingထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ထောင်ဒဏ်များချမှတ်ခံထားရပြီးနောက် အယူခံအနိုင်ရ၍ လွှတ်မြောက်လာသော မြန်မာရေလုပ်သား စိန်ကတုံးနှင့် ဝေလင်းတို့ကို ထိုင်းအာဏာပိုင်များက ယနေ့ (ဇူလိုင် ၂ရက်)တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်သည်။ ရနောင်းမြို့ဂိတ်မှ တဆင့် ကော့သောင်းဂိတ် မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါအမှုကို ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။



“ ကော့သောင်းမြို့ အာဏာပိုင်တွေက ကြိုဆိုရေးတွေလုပ်ကြပါတယ်။ ကော့သောင်းကို ရောက်နေပါပြီ”ဟု ဦးထူးချစ်က ပြောသည်။

စိန်ကတုံးနှင့် ဝေလင်းတို့၏ အယူခံကို ရနောင်းမြို့တရားရုံးက ဇွန်လ ၂၇ရက်တွင် အယူခံအနိုင်ပေး လိုက်ခြင်း ဖြစ်သည်။

ရနောင်းမြို့တွင် ၂၀၁၅စက်တင်ဘာ ၂၈ရက်က (၁၈) နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ လေးဦးက ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က ၂၀၁၅အောက်တိုဘာ ၂၀ရက်တွင် ဖမ်းဆီးခဲ့သည်။

No comments:

Post a Comment