အင်တာမီလန်အသင်းဟာ အက်လက်သတီကို နောက်ခံလူ ဒီယေဂို ဂိုဒင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၃၃ နှစ်ရှိ ဥရုဂွေးနောက်ခံလူ ဂိုဒင်ဟာ စပိန်ကလပ် အက်သလက်တီကို အသင်း နဲ့အတူ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ နောက်ခံလူ ဂိုဒင်ကို ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂိုဒင်ဟာ အက်သလက်တီကိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ် ကစားခဲ့ရာမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့သူ ဖြစ်ပေမယ့် ဒုတိယဆုတွေနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ ဂိုဒင်ဟာ တီကိုအသင်းအတွက် စုစုပေါင်း ၃၈၉ ပွဲမှာ ၂၆ ဂိုးသွင်းယူခဲ့ပြီး စပိန်နိုင်ငံအပြင်ဘက်က နိုင်ငံခြားသားကစားသမားတွေထဲမှာ ပွဲအများဆုံးကစားပေးခဲ့ သူဖြစ်ပါတယ်။
Pages
Monday, July 1, 2019
ဒီယေဂိုကို အင်တာမီလန်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ
အင်တာမီလန်အသင်းဟာ အက်လက်သတီကို နောက်ခံလူ ဒီယေဂို ဂိုဒင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၃၃ နှစ်ရှိ ဥရုဂွေးနောက်ခံလူ ဂိုဒင်ဟာ စပိန်ကလပ် အက်သလက်တီကို အသင်း နဲ့အတူ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ နောက်ခံလူ ဂိုဒင်ကို ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂိုဒင်ဟာ အက်သလက်တီကိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ် ကစားခဲ့ရာမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့သူ ဖြစ်ပေမယ့် ဒုတိယဆုတွေနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ ဂိုဒင်ဟာ တီကိုအသင်းအတွက် စုစုပေါင်း ၃၈၉ ပွဲမှာ ၂၆ ဂိုးသွင်းယူခဲ့ပြီး စပိန်နိုင်ငံအပြင်ဘက်က နိုင်ငံခြားသားကစားသမားတွေထဲမှာ ပွဲအများဆုံးကစားပေးခဲ့ သူဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment