Pages

Tuesday, July 2, 2019

ရန်ကုန်စည်ပင်ဆောင်ရွက်ချက် ဂုဏ်ယူစရာမရှိဟု မြို့တော်ဝန် ဝန်ခံ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)သည် NLD အစိုးရလက်ထက် သုံးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဂုဏ်ယူစရာဟူ၍ ပြစရာ ယနေ့အထိ မရှိသေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ ယနေ့(ဇူလိုင် ၁) မြို့တော်ခန်းမတွင် ကျင်းပသည့် YCDC ၏၀န်ဆောင်မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်ချက်ကို ပြန်လည်ဖြေကြားစဉ် ၎င်းက ၀န်ခံခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်တို့ ဂုဏ်ယူစရာဆိုတာက အမှန်အတိုင်းပြောတာပါ။ ဘာမှမရှိသေးဘူး။ ဒါ ပြောင်ပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးရှိသေးတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

ထြို့ပင် YCDC အပါအ၀င် ၀န်ကြီးဌာနများသည် အချင်းချင်းချိတ်ဆက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YCDC က လမ်းချဲ့ခြင်း၊ ပလက်ဖောင်းများ အသစ်တည်ဆောက်ခြင်းနှင့် မြေအောက်ကေဘယ်လ်လုပ်ငန်းများတွင် ၀န်ကြီးဌာနအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုများ အားနည်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် ယင်းအချက်ပြုပြင်၍ Master Plan ရေးဆွဲကာ ၀န်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

ရန်ကုန်မြို့တော်ဝန်သည် မကြွားဝါတတ်သူဖြစ်သည့်အတွက် ဂုဏ်ယူစရာမရှိဟု ဆိုခြင်းဖြစ်ကာ ၎င်းတို့လက်ထက်တွင် YCDC က သိမ်းပိုက်ထားသည့် အင်းစိန် GTI ကို ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးသည့် ဂုဏ်ယူစရာကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြောင်း ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ဆိုသည်။

ထို့ပြင် YCDC အတွင်းရေးမှူးဒေါ်လှိုင်မော်ဦးကလည်း ၎င်းတို့လက်ထက်တွင် မြို့တွင်းခြောက်မြို့နယ်ရှိ အမှိုက်များဖြင့်ပြည့်ကာ ခေတ်အဆက်ဆက်က လူသွားလာ၍မရခဲ့သော နောက်ဖေးလမ်းကြားများအား NGOများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ ရှင်းလင်းခဲ့သည့်အပြင် လူများ၏စိတ်ကိုပြောင်းနိုင်ရန် ပြည်သူ့နီတိနှင့် ပတ်သက်သော ပြိုင်ပွဲများ၊ Clean Yangon Campaign များကျင်းပခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment