Pages

Thursday, July 4, 2019

အကြမ်းဖက်မှုတားဆီးကာကွယ်ပေးရေးဥပဒေကြမ်း လွှတ်တော်ထံ တင်ဖို့ ဆောင်ရွက်နေ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်ထံ တင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး က ပြောပါတယ်။ေ နပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ထံ တင်မယ့် အချိန်ကိုတော့ အတိအကျပြောဆိုတာ မရှိခဲ့ပါဘူး။



အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်ပေးနေပေမယ့် ဥပဒေထွက်ပေါ်ဖို့ အရေးတကြီး လိုအပ်နေကြောင်း၊ အမျိုးသမီးအဖွဲ့တွေကလည်း ကူညီကြဖို့ လိုအပ်ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ကုလအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား၊ အမျိုးသမီးတန်းတူရေး ဆောင်ရွက်ရာမှာ ရန်သူသဖွယ်မဟုတ်ဘဲ မိတ်ဆွေသဖွယ် ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

အခမ်းအနားကို သမ္မတ ဦးဝင်းမြင့်ရဲ့ ဇနီး ဒေါ်ချိုချို၊ အမျိုးသမီးဆိုင်ရာအဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

No comments:

Post a Comment