Pages

Thursday, July 11, 2019

ဘီးလင်းမြစ်ရေတက်မှုကြောင့် ကယ်ဆယ်ရေးစခန်းငါးခု ဖွင့်လှစ်ထား ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၇၀၀ ကျော် ပြောင်းရွှေ့

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ တက်မှုကြောင့် ကယ်ဆယ်ရေး စခန်းငါးခုဖွင့်လှစ်ကာ လူ၇၀၀ ကျော် ရေဘေးရှောင်စခန်း၌ ပြောင်းရွှေ့နေကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ဘီးလင်းမြစ်ရေ စိုးရိမ်အ မှတ် ၁,၀၂၂ စင်တီမီတာ ရှိကာ ဇူလိုင် ၉ ရက်တွင် ၉၇၇  စင်တီမီတာထိ ရောက်ရှိနေသဖြင့် အိမ်ထောင်စု ၂၃ စု၊ လူ ၁၀၄ ဦးကို ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်၍ ပြောင်းရွှေ့ထားကြောင်း၊ ဇူလိုင် ၁၀ ရက် နံနက်တွင် မြစ်ရေစိုးရိမ် အမှတ် ၉၆၃ စင်တီမီတာရှိကာ ရေကျသော်လည်း ရေဘေးစခန်း ငါးခု ဖွင့်လှစ်ပြီး အိမ်ထောင် စု ၁၇၆ စုမှ လူ ၇၄၃ ဦးထိ ရှိလာကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။



မြစ်ရေကြီးမှုကြောင့် ဘီးလင်းမြို့နယ်တွင် စက်တပ်လှေ ၁၀ စီး ထားရှိသည့်အပြင် အရေးပေါ်ဖြစ်လာပါက အခြားမြို့နယ်ရှိ စက်တပ်လှေများကို ချိတ်ဆက် ထားကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက ဆို သည်။

‘‘ ဘီးလင်းမြစ်အထက်ပိုင်း က ကျေးရွာအုပ်စု ၁၀ စုကို ရိက္ခာတွေပေးပို့ပြီးပြီ။ အခု မြစ်ရေအခြေအနေကို စောင့်ကြည့်နေပါ တယ်။ ဘီးလင်းမြို့ပေါ်က ရေဘေးရှောင်စခန်းငါးခုကို တစ်ပတ်စာ ရိက္ခာတွေ ထောက်ပံ့ထား တယ်’’ ဟု ၎င်းက ပြောသည်။

ထိုကယ်ဆယ်ရေးစခန်း ငါးခုကို ဘီးလင်းမြို့ရှိ ဓမ္မ၀ိဟာရ ဘုန်းကြီးကျောင်း၊ မြို့နယ်တစည ရုံး၊ မြို့ဦးဘုန်းကြီးကျောင်း၊ အောင်သိဒ္ဓိဘုန်းကြီးကျောင်း၊ ဘီးလင်းအထကကျောင်းတို့တွင် ဖွင့်လှစ်ထားပြီး ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်)ကျောင်း၊ ဒုံသမိမြစ်ဘေးရှိ ကမ်းနား(အမက) ကျောင်း၊ ရွှေလှေ(အမက) ကျောင်း၊ ပျဉ်းမပင်ဆိပ် (အထက ခွဲ) ကျောင်းတို့ကို ပိတ်ထား ကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ဇူလိုင် ၁၀  ရက် နံနက် တွင် ကြေညာထားသည်။ ဘီးလင်းမြစ်ရေ နှစ်စဉ်တက် သဖြင့် ရေကြီးမှု နှစ်စဉ် ကြုံတွေ့ ရသော်လည်း ၂၀၁၈ တွင် စိုးရိမ်အမှတ်ထက် ကျော်လွန်ပြီး အဝေးပြေးလမ်းမများ ခေတ္တပိတ်ခဲ့ရကာ လူသုံးဦးသေဆုံးကာ လူတစ် သောင်းကျော် ရေဘေးသင့်ခဲ့ သည်။

No comments:

Post a Comment