Pages

Thursday, July 11, 2019

မက်ဘီဆက်ရှိနေမည်ဟု အာမမခံကြောင်း ပီအက်စ်ဂျီညွှန်ကြားရေးမှူးဖွင့်ဟ

 ပြင်သစ်ကြယ်ပွင့် မက်ဘီ ပီအက်စ်ဂျီတွင် ဆက်ရှိမည်ဟု အာမမခံနိုင်ကြောင်း ပီအက်စ်ဂျီ အားကစားညွှန်ကြား ရေးမှူး လီယိုနာဒိုက ထုတ်ဖော်ပြောကြားသည်။ မက်ဘီသည် ပီအက်စ်ဂျီ ဦးစားပေးကစားသမားဖြစ်သော်လည်း ၎င်းပီအက်စ်ဂျီတွင် ဆက်ရှိနေမည်လားဆိုခြင်းနှင့် ပတ်သက်၍ ပရိသတ်များကို ကတိမပေးနိုင်ဟု လီယိုနာဒိုကပြောသည်။



နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မက်ဘီ၏အနာဂတ်နှင့်ပတ်သက်ပြီး အချေအတင်ပြောဆိုမှုများစွာ ထွက်ပေါ်ခဲ့သည်။ မက်ဘီ (၂၀) နှစ် ကိုယ်တိုင်က ၎င်းသည်စီမံကိန်းအသစ်တစ်ခု ရှာဖွေနိုင်ကြောင်း နွေရာသီ စောစောပိုင်းက ပြောကြားပြီး နောက်ပိုင်း ၎င်းရီးရဲလ်သို့ပြောင်းရွှေ့မည်ဆိုသော ပြောဆိုမှုများ မပြတ်ထွက်ပေါ်ခဲ့သည်။

ရီးရဲလ်က ဟာဇက်ကဲ့သို့ နာမည်ကြီးကစားသမားအပါအဝင် ကစားသမားသစ်များ ခေါ်ယူအားဖြည့်ထားသော် လည်း နေမာကိုခေါ်ယူရန် သွေးအေးနေပြီး မက်ဘီကိုအနာဂတ်တွင် ခေါ်ယူရန် မျှော်လင့်နေသည်။

ပီအက်စ်ဂျီက မက်ဘီသည် လာမည့်ရာသီအသင်း ဆက်ရှိရန် လုံးဝသေချာသည်ဟု ပြောကြားကာ ၎င်းအသင်း ပြောင်းရွှေ့နိုင်ခြေကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီ၏ ရာသီသစ်အတွက် ဝတ်စုံမိတ်ဆက်ရာ၌ မက်ဘီပါဝင်သည်။

တနင်္လာနေ့က ပီအက်စ်ဂျီ၏ လေ့ကျင့်ရေးအစီအစဉ်များ ပြန်စစဉ် မက်ဘီသည် တက်ကြွစွာပါဝင်ခဲ့သော်လည်း မိမိအနေဖြင့် အသင်းတွင်ဖြစ်ပျက်သမျှအားလုံးအတွက် တာဝန်မရှိသဖြင့် ၎င်းအသင်း၌ ဆက်ရှိ၊ မရှိ အာမမခံနိုင်ဟု လီယိုနာဒိုကပြောသည်။ မက်ဘီသည် ပြီးခဲ့သည့်ရာသီက လီဂူးဝမ်းတွင် ၃၃ ဂိုးသွင်းပြီး ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့သည်။

No comments:

Post a Comment