Pages

Wednesday, July 3, 2019

တပ်မတော်၏ အပစ်ရပ်ကာလ သက်တမ်းတိုးခြင်းကို ကုလကြိုဆို

တပ်မတော်က အပစ်အ ခတ်ရပ်စဲရေးကာလသက်တမ်း တိုးမြှင့်သည့် သတင်းကောင်းကို ကြားရသဖြင့် ဝမ်းမြောက်မိ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကု လသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ)  ခနုသ် အော့စဘီက ပြောသည်။ ကချင်ပြည်နယ်နှင့်ရှမ်းပြည် နယ်အပါအဝင် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် တပ်မတော်က တစ်ဖက်သတ်ကြေညာထား သည့် အပစ်ရပ်စဲရေးကို ယခုနှစ် သြဂုတ်လကုန်အထိ နှစ်လထပ်မံ သက်တမ်းတိုးမြှင့်ကြောင်း တပ်မ တော်က ဇွန်လ ၃၀ ရက်၌ သ တင်းထုတ်ပြန်သည်။



တပ်မတော်က စစ်တိုင်းငါး ခု၌ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ယခုနှစ် ဧပြီ ၃၀ ရက်အထိ ပထမ အကြိမ် တစ်ဖက်သတ်အပစ်ရပ်စဲ ကြောင်း ကြေညာပြီး ဧပြီ ၃၀ရက် တွင် ဇွန်လကုန်အထိ နှစ်လကြာ သက်တမ်းတိုးကာ ဇွန်လ ၃၀ ရက်၌ ထပ်မံ၍ နှစ်လသက်တမ်း တိုးခြင်းဖြစ်သည်။

တပ်မတော်၏ အပစ်အခတ် ရပ်စဲရေးကာလ တိုးမြှင့်ကြောင်း ကြေညာချက်ကို ကြိုဆိုကြောင်း ခနုသ်ပအော့စဘီက   ဇူလိုင် ၁ ရက်၌ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ ‘‘မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး တို့အတွက် ငြိမ်းချမ်းရေးဟာ အ ထူးလိုအပ်ချက်ဖြစ်ပါတယ်’’ ဟု ၎င်းကဖော်ပြသည်။

တပ်မတော်၏ အပစ်ရပ်စဲ ရေးကာလတိုးမြှင့်မှုသည် မြန်မာ နိုင်ငံငြိမ်းချမ်း.ရေး လမ်းစဉ်ပိုမို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ခနုသ်အော့စဘီက မေလ ၁ ရက် တွင် ထုတ်ဖော်ပြောကြားထား သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလမ်းစဉ်ကို ကုလသမဂ္ဂအနေ နှင့် အားပေးထောက်ပံ့ရန်ချမှတ် ထားသော နက်ရှိုင်းသည့်သန္နိဋ္ဌာန် ကို ထပ်မံအတည်ပြုပါကြောင်း ဌာနေညှိနှိုင်းရေးမှူးက မေလတွင် ပြောကြားထားသည်။ တပ်မတော်က အပစ်ရပ်နှစ် လ ထပ်မံတိုးမြှင့်ခဲ့သည့် နယ်မြေ ငါးခုသည် မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ် ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတို့ဖြစ်သည်။

No comments:

Post a Comment