Pages

Friday, July 12, 2019

မွေးကင်းစကလေး စွန့်ပစ်ခဲ့သည့် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူအား လူသတ်မှုဖြင့် စွဲချက်တင်

Image may contain: one or more people and outdoorထိုင်းနိုင်ငံမှာ မွေးကင်းစ ကလေးငယ်ကို အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသူတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ နော့ခ်လို့ အမည်ရတဲ့ အဲဒီ ကျောင်းသူမိန်းကလေးကို စီစီတီဗွီ လုံခြုံရေးကင်မရာကတဆင့် အမ်းမနက်ချာရိုဝမ်ခရိုင် ရဲတွေက ခြေရာခံ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဇူလိုင် ၁၁ ရက်နေ့က ဖော်ပြပါတယ်။


မိန်းကလေးက သူ့မှာ ကိုယ်ဝန်ရှိနေတာကို ဘယ်သူမှမသိခဲ့ဘဲ ဆေးခန်းကို သွေးစစ်ဖို့ လာပြခဲ့ချိန်မှာ မျှော်လင့်မထားဘဲ ဆေးခန်းရေအိမ်အတွင်း ကလေးမွေးဖွားခဲ့တာဖြစ်တယ်လို့ ရဲတွေကို ပြောပါတယ်။

သူက မွေးကင်းစကလေးငယ်ရဲ့ အချင်းကြိုးကို ဓားနဲ့ဖြတ်ခဲ့ပြီး ရေအိမ်တွင်း စွန့်ပစ်ထားခဲ့ကာ ကလေးကိုတော့ ပလတ်စတစ် အမှိုက်အိတ်နဲ့ထည့်ပြီး အမှိုက်ပုံးထဲမှာ စွန့်ပစ်ခဲ့တာပါ။

ဆေးစစ်ချက်တွေအရ ကလေးငယ်ဟာ ပလတ်စတစ် အမှိုက်အိတ်ထဲမှာ အောက်ဆီဂျင် ပြတ်လပ်ပြီး အသက်မရှူနိုင်ဘဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွေမျိုးတဦးကတော့ နော့ခ်ရဲ့မိဘတွေဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်နေကြချိန် မိန်းကလေးက သူတို့နဲ့ အတူနေထိုင်ကြောင်း၊ ခုလို ကိုယ်ဝန်ရှိလာချိန်မှာ ဘာလုပ်ရမှန်း မသိကြောင်း ပြောခဲ့တာပါ။

လတ်တလောမှာတော့ မိန်းကလေးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လူသတ်မှုနဲ့ အရေးယူသွားဖို့ ရှိနေပါတယ်။

No comments:

Post a Comment