
မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ပြည် တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနှင့် ဒုတိယပွဲစဉ်ကို ပဲခူးနှင့် မော်လမြိုင်တွင် ကျင်းပပြီးဖြစ်သည်။ မေလ တတိယပတ်က မော်လမြိုင်မြို့တွင် ကျင်းပသည့် ပထမပွဲစဉ်၌ ပရော်ဖက်ရှင်နယ်အဆင့်တွင် ဘိုဘိုက ဗိုလ်စွဲခဲ့သည်။ ဇွန်လဒုတိယပတ်က ပဲခူးမြို့ ဟံသာဝတီဂေါက်ကွင်းတွင် ကျင်းပခဲ့သည့် ဒုတိယပွဲစဉ်၌ ပရော်ဖက်ရှင်နယ်အဆင့်တွင် မျိုးဝင်းအောင်က ဗိုလ်စွဲခဲ့သည်။ စတုတ္ထပွဲစဉ်များကို အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ တညင်းကုန်းဂေါက်ကွင်း၊ပဉ္စမပွဲစဉ်ကို အောက်တို ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ပုဂံဂေါက်ကွင်း၊ ဆဋ္ဌမမြောက်ပွဲစဉ် ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက် အထိ ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင် တပ်မတော်ဂေါက်ကွင်း၌ ကျင်းပ မည်ဖြစ်သည်။
No comments:
Post a Comment